ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သဘာဝ အတွေးစလေးများ

Friday, 9 December 2011

လေပြေရဲ့ ကျီဆယ်မှု့
လွင့်မျောကြွေလွင့်တဲ့ သစ်ရွက်
အဖြစ်အပျက်တစ်ခုမှာ
လေတိုက်လို့ သစ်ရွက်ကြွေတာ
အပြစ်မပြောပဲ
အမြင်သစ် အတွေးသစ်နဲ့
ရွက်နုဝေဖို့ ရွက်ဟောင်းချွေပေးတယ်ရယ်လို့
အမုန်းခံ လေပြေဘက်က
ရပ်တည်ပေးပါ့လား  ။
လှိုင်းကြမ်းရဲ့ ရိုက်ခတ်မှု့
တိုက်စားခံ ကမ်းပါး
ပြေးဆော့တဲ့ လှိုင်းအားနဲ့
နာကျင်နေမှာ အမှန်ဆိုပေမဲ့လဲ
ရေလေးတွေ လွတ်လပ်စွာ
စီးဆင်း နယ်ချဲ့ဖိုးအရေး
လှိုင်းလေးတွေကတော့
အမုန်းခံ လှိုင်းကြမ်းကြီးတော့ ဖြစ်လို့ပေါ့  ။
စိမ်းစိုနေတဲ့ မြေပြင်
ကြည်လင်နေတဲ့ရေပြင်မှ
တန်ဖိုးထားပြီး
ကောင်းကင်မှာ တိမ်တိုက်မရှိမှ
ကြည်လင်နေနဲ့သဘောလား
ခြောက်တွေ့နေတဲ့ ကန္တာရ
ပူလောင်နေတဲ့ သဲပြင်
အိုအေစစ်ရေအေးအေးလောကော
လူတွေမမြတ်နိုးလို့လား
ကြည်လင်နေတဲ့ ကောင်းကင်မှာ
မိုးသားမတက် ဖြူဖွေးနေမှတော့
မြေပြင်တွေကွဲအက်
အသက်ရှင်ဖို့ ခက်လိမ့်မယ်  ။
ဘာပဲပြောပြော
တရားသဘောနဲ့ကြည့်ကြည့်
သဘောတ၇ားနဲ့မြင်မြင်
အကောင်းမြင်ဝါဒ
စေတနာလှလှနဲ့
ကမ္ဘာမြေကို သင်ကြည့်လိုက်ပါ
အပြစ်မြင်စရာဆိုလို့
သစ်ပင်လေးတစ်ပင်မရှိပါလား  ။

လွင်ပြင်လှိုင်းငယ်

5 comments:

ကိုရင် said...

အဲဒီလို မမြင်နိုင်ကြတာ ခက်တာ..
တစ်ခုခုဆို ဖုတ်လိုက်ရမှဆိုတာတွေ များလာတော့
ကမ္ဘာမြေက ဖုတ်ကုန်းဖြစ်နေပြီ ဘရိုးရေ

လမင်းငယ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်

လွမ်းပိုင်ရှင် said...

အားပေးလျှက်ပါအကိုတော်ရေ

chocolatecupidlay said...

သဘာဝအတွေးစတွေကြားမှာစီးမြောခံစားသွားပါတယ်...

မဒမ်ကိုး said...

အင်းးအပြစ်မမြင်ပါဘူး ချစ်ချင်တာဘဲသိတဲ့နောက် ..း)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :