ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ပန်းတို့ဘ၀ လူတို့သဘာဝ

Thursday, 4 October 2012

ပန်းတို့ ဘဝ
ဖူးစက လူတွေအရိပ်တကြည်ကြည့်
ပွင့်တဲ့ခဏ မာန်တွေဝင့်နိုင်ပေမယ့်
ဝေနေတဲ့ကိုင်းထက်
ကြွေတာတောင်မစောင့်စားပဲ 

လက်ဦးသူ ခူးရင်းပန် 
ဦးခေါင်းထက် ခဏတာ အလှဆင်
မြေပြင်မှာ ဘယ်တော့ ခ ရမလဲ အတွေးမျက်ရည်စက်တွေနဲ့

ချနင်းခံဘ၀နှင့် အလှတွေအဆုံးသတ်
ဖူး ပွင့် ဝေ ကြွေ ဒါဟာ သူတို့ဘ၀လား  ၊


လူတို့ သဘာဝ
အပြင်ဘန်းအလှ
မျက်စိပွဲတော်ခဏတာ ပျော်ဖို့
ပေးလိုက်ရတဲ့ သိက္ခာ 
လျော်လိုက်ရသည့်သမာဓိ
ဘ၀မှာမရှိမဖြစ်
စိတ်အလှစစ်စစ်ကို
နှလုံးသားနဲ့ မမြင်တတ်
ဆေးရောင်ခြယ်မှ အလှထင်ပြီး
ဘ၀မှာအမှားတွေပြင်မရတော့မှ
ဘာတခုမှ သုံးစားမရတဲ့
နောင်တဆိုတာ ရတတ်ကြပါလားနော် ။

မှတ်ချက်။       ။ပတ်ဝန်းကျင်ကပေးတဲ့ ကဗျာ

လွင်ပြင်လှိုင်းငယ်

 

15 comments:

တောက်ပကြယ်စင် said...

ဘ၀ကို ပန်းပွင့်လေးတွေနဲ့ နှိုင်းယှဉ်တင်ပြသွားတာလေးကို သဘောကျတယ် လွင်ပြင်ရေ...
ခင်မင်တဲ့

မိုးနတ်ကြယ်စင် said...

ပန်းတို့ဘ၀နဲ့ လူတို့သဘာဝလေးကို ယှဉ်တွဲပြီးဖွဲ့နွဲ့ဖော်ပြသွားတာ နှစ်သက်မိတယ်..
အကိုတော်...အတွေးကောင်းလေးကို ခံစားသွားတယ်ရှင်..
ညလေး....မိုးနတ်

ချင်းမလေး said...

ကဗျာလေးလာဖတ်သွားပါတယ်..
အတွေးလေးအရမ်းကောင်းတယ်
ပန်းတို့ သဘာဝ ဒီလိုကိုး..
လူတို့ သဘာဝကလဲ ဒီလိုကိုးဆိုပြီး
နားလည်သဘောပေါက်သွားတယ်..

Unknown said...

လူတို့ သဘာဝ
အပြင်ဘန်းအလှ
မျက်စိပွဲတော်ခဏတာ ပျော်ဖို့
ပေးလိုက်ရတဲ့ သိက္ခာ
လျော်လိုက်ရသည့်သမာဓိ
ဘ၀မှာမရှိမဖြစ်။
ပန်းတို့ဘ၀လူတို့သဘာဝ
လေးကိုအားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်

မြတ်နိုးသူ said...

ဘ၀မှာမရှိမဖြစ်
စိတ်အလှစစ်စစ်ကို
နှလုံးသားနဲ့ မမြင်တတ်
ဆေးရောင်ခြယ်မှ အလှထင်ပြီး
ဘ၀မှာအမှားတွေပြင်မရတော့မှ
ဘာတခုမှ သုံးစားမရတဲ့
နောင်တဆိုတာ ရတတ်ကြပါလားနော် ။
ကဗျာလေးအရမ်းကောင်းတယ်အာပုကျိ
အားပေးသွားပါတယ်တာမီး

လေပြေချို said...

ဘ၀မှာမရှိမဖြစ်
စိတ်အလှစစ်စစ်ကို
နှလုံးသားနဲ့ မမြင်တတ်
ဆေးရောင်ခြယ်မှ အလှထင်ပြီး
ဘ၀မှာအမှားတွေပြင်မရတော့မှ
ဘာတခုမှ သုံးစားမရတဲ့
နောင်တဆိုတာ ရတတ်ကြပါလားနော် ။
တချို့ တချို့ပန်းလေတွေရဲ့ဘ၀က စိတ်မကောင်းစရာပါလားနော်.. အော်. အနိစ္စ ဒုက္ခ အနတ္တပါတကား

ချစ်စံအိမ် said...

ပန်းတို့ ဘဝ
ဖူးစက လူတွေအရိပ်တကြည်ကြည့်
ပွင့်တဲ့ခဏ မာန်တွေဝင့်နိုင်ပေမယ့်
ဝေနေတဲ့ကိုင်းထက်
ကြွေတာတောင်မစောင့်စားပဲ
လက်ဦးသူ ခူးရင်းပန်
ဦးခေါင်းထက် ခဏတာ အလှဆင်
မြေပြင်မှာ ဘယ်တော့ ခ ရမလဲ အတွေးမျက်ရည်စက်တွေနဲ့
ချနင်းခံဘ၀နှင့် အလှတွေအဆုံးသတ်
ဖူး ပွင့် ဝေ ကြွေ ဒါဟာ သူတို့ဘ၀လား ၊

ချစ်သူရင်ခွင် said...

အလည်လာရင် အားပေးသွားပါတယ်ဗျာ

Yoemyaykya said...

အစ်ကိုဘာကိုပြောချင်တယ်ဆိုတာ ညီမလေးသိတယ်။ တခြားသူတွေကိုပြောပြဘူး။ ကဗျာလေးကမိတယ်။

စံပယ်ချို said...

ကဗျာလေးဖတ်နေတယ်
ဘုစု

အိပ်မက်ကောင်းကင် said...

အမှန်တရားတွေကို ရေးထားတဲ့ကဗျာလေးတစ်ပုဒ်ပါပဲလား
ကိုကိုလွင်ပြင်ရေ
ကဗျာလေးကိုခံစားသွားပါတယ်နော်
ပန်းကလေးတွေရဲ့ ဘ၀လည်း သနားစရာလေးပဲနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

လရိပ်အိမ် said...

ကိုလွင်ပြင် ဘာကိုပြောချင်တယ်ဆိုတာ ညီမ မသိဘူး။ ပြောပြပါ။ တခြားသူတွေကိုပြောပြဘူး။ ကဗျာလေးတအားကြိုက်။
ညီမလေးရိုးမြေကျ၏ကွန်မန့်ကို ပြောင်းပြန်၍ မန့်သွားသည်။

မင်းအရိပ် said...

ပန်းနဲ့ လူနဲ့ သဘာဝတွေ နှိုင်းယှဉ်ရေးသွားတဲ့ အတွေးလေး ကြိုက်တယ်ဗျာ
အားပေးသွားတယ်နော်

mstint said...

မာန်ဝင့်တဲ့ပန်းကလေးတွေရဲ့နိဂုံး
အကာကိုအနှစ်ထင်တဲ့လူတို့ရဲ့အဆုံး
နှောင်းတဲ့နောင်တရင်မှာပိုက်လို့သာ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Nice poem.

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :