ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကဗျာတိုလေးများ

Monday 3 June 2013

ဘဝ

အချစ်တစ်ခုတည်းနှင့်
ဘ၀ဟာမပြည့်စုံသလို
ဘ၀တစ်ခုအတွက်
အချစ်မရှိရင်လဲ မပြည့်စုံနိုင်ဘူး
အချစ်+ဘ၀=နားလည်မှု့ဆိုရင်
ဘ၀ဟာနဲနဲပိုလှသွားမယ်
နားလည်မှု့တိုင်းမှာ
တိုင်ပင်ခြင်းတွေ ထပ်ဖြည့်လိုက်
မေတ္တာ သစ္စာတွေ ပေါင်းထည့်
ဘ၀အကျ အတက်နဲ့
မနက်ဖြန်တိုင်း
အချစ်တွေ တိုးတိုးလာရင်
အဆိုးတွေမရှိတဲ့
အနာဂါတ် စိတ်ထဲမှာမှတ်လို့
အချစ်ဆိုတာ ခဏခဏ ပြောစရာမလိုပဲ
အကြည့်တစ်ချက်နဲ့တင်
သူ့ရဲ့ကြင်နာခြင်းတွေ
နှလုံးသားက မြင်နိုင်ပါတယ် ။


*************************************
နှင်းဆီထံ မေ့မြောသော ကဗျာဆရာ

မိုးရေကြဲတဲ့
နှင်းဆီရဲရဲကြီးအနီးမှာ
နွေရဲ့ ကျေးငှက်
ကဗျာတစ်ပုဒ်ကို အဆုံးမသတ်နိုင်ပဲ
နှင်းဆီရဲ့ အလှမှာ မေ့မြောသွားခဲ့တယ်
ကြုံရင်နိုးခဲ့ပေးပါ
ကဗျာတစ်ပုဒ် အဆုံးသတ်ဖတ်ချင်လို့ပါ .....


****************************************

သူရဲကောင်းထံသို့

အနုပညာကောင်းကင်ကြီး
ငါမကြည့်ရဲတောင် ဖြစ်နေပြီ
ညရောက်တိုင်း ကြယ်တွေ
တဖြုတ်ဖြုတ်နဲ့
ငုတ်တုတ်ထိုင်ရင်း
မိုးသားကင်းတဲ့ ညမရောက်ပါစေနဲ့လို့
ဆုတောင်းရင်း
လင်းလက်နေသေးတဲ့
ကြယ်စင်အရေအတွက်
လက်ချိုးလို့တောင် ရေတွက်နေမိတယ် ။

ဒီမှာ သေမင်း သင်ဟာ
တော်ပြီးတတ် တွေးပြီးရေး
ကိုယ်ပိုင်နှလုံးသားကို
ပန်းပုထု
ခံစားချက်တွေနဲ့ မျက်နှာသစ်တတ်သူတွေကို
ရွေးခေါ်ပြီး
သင့်ခံစားချက်တွေကို စာဖွဲ့ခိုင်းမလို့လား ။

အများခံစားဖို့အတွက်
ကိုယ်ပိုင် နှလုံးသွေးစက်တွေနဲ့
နာကျင်ခံစားရေးဖွဲ့တတ်ပြီး
ဘ၀တပါးကိုကူးပြောင်းသွားပေမယ့်
သူရဲကောင်းတစ်ယောက်နဲ့
ရာဇ၀င်နဲ့ နာမည်ကတော့
ကျွန်တော့်တို့ နှလုံးသားမှာ
ထာဝရ
မြင့်မြတ်စွာ
လေးစားစွာ
တမ်းတစွာနဲ့ ကျန်နေခဲ့မှာပါ ။


********************************






7 comments:

နွေတေးရှင် (မင်းဧရာ) said...

ကျုပ်ရဲ့ ရင်ခုန်သံတွေ ပေါ့ မမမိုး ဒါပေမယ့် ခပ်တိုးတိုးပါဘဲ ။

Thwin said...

အချစ်+ဘ၀=နားလည်မှု့ဆိုရင် တစ်ကယ့် ကို ခမ်းခမ်းနားနား လှသွားမှာ သေချာတယ်..။

နှင်းဆီ ထံ မေ့မြောနေတဲ့ ကဗျာဆရာကိုတော့ နိုးရမှာပေါ..။ ဒါမှ ကဗျာလေး ဆက်ဖတ်လို့ ရမယ်..။

သူရဲကောင်း ကို လဲ လေးစားပါတယ်..။

roseayemaung said...

ကဗျာတစ်ပုဒ်ကို အဆုံးမသတ်နိုင်ပဲ
နှင်းဆီရဲ့ အလှမှာ မေ့မြောသွားခဲ့တယ်
ကြုံရင်နိုးခဲ့ပေးပါ
***နိုးခဲ့ပါတယ် ကဗျာလေးတွေအားပေးရင်းဆက်လက်ေ၇းပါလို့နော်***

မြသွေးနီ said...

ကဗျာလေးတွေ ဖတ်ခဲ့တယ် လွင်ပြင်ရေ..

မိုးနတ်ကြယ်စင် said...

အချစ်ဆိုတာ ခဏခဏ ပြောစရာမလိုပဲ
အကြည့်တစ်ချက်နဲ့တင်
သူ့ရဲ့ကြင်နာခြင်းတွေ
နှလုံးသားက မြင်နိုင်ပါတယ် :)

Anonymous said...

"Hello,
We have a client who is looking for Myanmar bloggers to join for an education campaign.
It's an event organized by Malaysia's leading telco giant to facilitate skills and talent development in Myanmar targeted at Secondary school, Pre-U and Uni students as well as working adults seeking working opportunities with a company like Axiata.
Time not sure yet. next month probably"
There will be incentive for your participation.
Would you be interested? Hope to hear from you soon!

ရာဇာထွေး said...

“ဘ၀” ကဗျာလေးကိုအကြိုက်ဆုံးပဲ လွင်ပြင်ရေ...
ဘ၀အကျ အတက်နဲ့
မနက်ဖြန်တိုင်း
အချစ်တွေ တိုးတိုးလာရင်
အဆိုးတွေမရှိတဲ့
အနာဂါတ် စိတ်ထဲမှာမှတ်လို့
အချစ်ဆိုတာ ခဏခဏ ပြောစရာမလိုပဲ
အကြည့်တစ်ချက်နဲ့တင်
သူ့ရဲ့ကြင်နာခြင်းတွေ
နှလုံးသားက မြင်နိုင်ပါတယ်

ကောင်းလိုက်တဲ့အရေးအသားလေးတွေပဲ လွင်ပြင်ရေ..
ရင်ဘတ်နဲ့ဖတ်ပြီး နှလုံးသားနဲ့ခံစားသွားပါကြောင်း....

ခင်မင်စွာဖြင့်
ရာဇာထွေး

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :