ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

Saturday 24 December 2011


TAGပို့စ်ကို တစ်ကြိမ်တခါမှမရေးဖူးပါ သို့ပေမယ့်လဲ ညီမငယ်လေး Candy  နှင့် မွေးစားသမီးလေး အပျိုကြီးလုပ်ချင်နေတဲ့ သမီးစံ က ရေးသားဖို့
တိုက်တွန်းလို့ မရေးတတ် မရေးတတ်(ရေးတတ်ဟုတ်ဖူးနော်)နဲ့ရေး
လိုက်ပါတယ်။

ဒီဇင်ဘာ ဒီဇင်ဘာ
နှစ်တစ်နှစ်ရဲ့နောက်ဆုံးပေမယ့် အချစ်ဆုံးလက ဒီဇင်ဘာပါ။ကျောင်းနေစဉ်ကတည်းက ဒီဇင်ဘာလရောက်ဖို့ ဇွန်လကတည်းကမျှော်နေတာပါ
(ကျောင်းပိတ်ရက်ရှည်ရှိတာကို)စတာပါ ဒီလဟာ ကျွန်တော်ဘ၀အတွက် အမှတ်တရများစွာရှိသလို ဘုရားသခင်ကလဲ ဒီဇင်ဘာမှာမွေးဖွားတဲ့
ဒီဇင်ဘာ နတ်သမီးလေး တစ်ပါးကို ဘ၀အတွက် လက်ဆောင်ပေးပြီးဖြစ်ပါတယ်။ကျွန်တော်နေတဲ့မြို့လေးနဲ့ သူငယ်ချင်းအများစုဟာ
ခရစ်ယန်တွေကြီးလိုလိုမို့ ဒီဇင်ဘာလဟာ ကျွန်တော်အပျော်ဆုံးလဖြစ်ပါသည် ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ညမှာ နှင်းတွေကြားထဲဂစ်တာလေးထမ်း
သူငယ်ချင်းတွေစု သီချင်းတိုက် အိမ်တိုင်းလိုလို(ကျွန်တော့်အိမ်သည် ကျွန်တော်ပါသောရက်တွေ သီချင်းသွားမဆိုပါ အရက်ခိုးသောက်ထားတာ
သိမှာစိုးသောကြာင့်ဖြစ်ပါသည်)သီချင်းလိုက်ဆို မနက်လင်းခါနီးမှပြန် မနက်ကျောင်းသွားလျှင် ညက အိမ်တိုင်းလိုလိုက လက်ဆောင်ပေးလိုက်သော
ချိုချဉ်လေးတွေနဲ့ ကောင်မလေးတွေကိုကျွေး(ဟီး မဒမ်လွင်ပြင်ကိုသွားမပြောနဲ့နော်) ကျောင်းမှာဆိုလျှင်လဲ ခရစ္စမတ်သီချင်းပြုင်ပွဲအတွက် သီချင်းတိုက်ရနဲ့
ကိုလွင်ပြင်တစ်ယောက် ဒီလမှာ တော်တော်အလုပ်များရှာသားနော် ဒီအချိန်မှာတော့ ကျွန်တော်တို့လူဆိုးသူငယ်ချင်းအဖွဲ့ဟာ
ဆရာ ဆရာမတွေရဲ့ အတော်တွေဖြစ်လို့ ဟုတ်တယ်လေ ဒီလိုကိစ္စတွေကို ကျွန်တော်တို့လို လူဆိုး လူပေတွေကပဲ ဒိုင်ခံလုပ်ပေးရတာ လိမ္မာတဲ့သူတွေက
စာကျက်ပျက်လို့ ဘာလို့နဲ့ အကြောင်းအမျိုးမျိုးပြရှောင်နေတော့ လုပ်မယ့်သူကကျွန်တော်တို့ပဲရှိတော့ ဆရာ ဆရာမတွေကကျွန်တော်တို့ပဲခိုင်းရတော့
ခိုင်းကောင်းအောင်ချစ်ပြတာပေါ့။ဘာပဲပြောပြောပါ ဒီလမှာ ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။အပျော်ရွှင်ဆုံးကတော့ ဒီဇင်ဘာ နတ်သမီးလေးကို
ပိုင်ဆိုင်ထားရလို့ပါ။ဒီဇင်ဘာနတ်သမီးလေးရေ မင်းနဲ့အတူတူ နှင်းတွေအုပ်စိုးထားတဲ့ မှိုင်းပျပျတောင်တန်းတွေရှိတဲ့ငါတို့မြို့လေးကို တနေ့တော့ ရောက်ဖြစ်အုံးမယ်ထင်ပါတယ်။

ကဲမေးထားသမျှဖြေပြပါ့မယ်။


ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

ဟုတ်ကဲ့ ပျော်သလားတော့မမေးနဲ့ ဖြတ်သန်းခဲ့တဲ့နှစ်တိုင်း ရင်ခုန်ရလွန်းလို့။

ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

မြန်မာပြည်တုန်းကတော့ တခါတရံဆင်လေ့ရှိပါတယ်။

နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ္စမတ်ကိုပဲနှစ်သက်ပါသည်။

ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။

ခရစ္စမတ်မှာ ချစ်တဲ့ဇနီးလက်ကို ဆုပ်ကိုင်ပြီး သူသွားချင်တဲ့နေရာတိုင်းကို လိုက်ပို့ချင်ပါသည်။(လောလောဆယ်တော့ အလုပ်မအားလို့ နီးနီးနားနား
ကုန်တိုက်လောက်ပဲ လိုက်ပို့ဖြစ်မယ်ထင်ပါတယ်)

ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

စံပယ်ပန်းလေးကိုတော့ အနမ်းလက်ဆောင်ပေးပြီး သူငယ်ချင်းတွေကိုတော့ အွန်လှိုင်းမှ ပုံလက်ဆောင်လေးတွေပေးဖြစ်ပါတယ်။

ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

အရမ်းရှိတာပေါ့ ဒါပေမဲ့ ကျောပြ၀ူး။

♥နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

ဇနီးဖြစ်သူနှင့် နာရီသံကို ရင်ခုန်စွာစောင့်ပြီး အွန်လှိုင်းကသူငယ်ချင်းတွေကို happy new yearလို့ လိုက်ပြောမယ်။

New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

အရင်ကမလုပ်ဖူးပါဘူး။ဒီနှစ်တော့ မလုပ်ဖြစ်ပါဘူး ဟိ ။


နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

အလည်အပတ် အစီအစဉ်တော့ မရှိပါဘူး နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုးကတော့ ချစ်သူရင်ခွင်ပေါ့

နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

အဲ့လိုတော့မရှိပါဘူး။

နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

သူ့ရဲ့အကြင်နာတွေတော့ နှမြောတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး သူက ထာဝရကြင်နာနေမှာမို့ပါ။

နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား

ရှိပါတယ်။

ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

အားလုံးသောလူသားတွေ ပျော်ရွှင်သောနှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

 


လွင်ပြင်လှိုင်းငယ်

13 comments:

လမင်းငယ် said...

ပျော်ရွှင်သောခရစ္စမတ်ရက်လေးကို
နစ်ကိုယ်တူဖြတ်သန်းနိုင်ပါစေ

Anonymous said...

ပါးပါး မားမားမဒမ်လွင်ပြင်ကို လက်ဆေးရည်ဆားများမျာခတ်တိုက်ပါနော်..ဟဲဟဲ
သမက်ကလေး မောင်တလုံး...
ပျော်ရွှင်စရာ ခရစ်စမတ်ဖြစ်ပါစေ

khin said...

အလည်လာပြီးဖတ်သွားတယ်နော် ကျားကျားဆီ အလည်လာတဲ.အတွက်လည်းကျေးဇူးနော် မန်ဘာမှာ အက်သွားတယ်နော် a merry christmas and a happy new year.

သမံစီး said...

ပျော်ရွှင်စရာ..အမှတ်တရ.ဒီဇင်ဘာပေါင်းများစွာကို
နှစ်ယောက်အတူ..ပိုင်ဆိုင်ပါစေရှင်
(ဒယ်ဒီနဲ့မာမီလို့တော့..မခေါ်ရဲဘူးး)
နယူးရီးယားညမှ..အွန်လိုင်းပေါ်တက်ဖြစ်အောင်
ကြိုးစားပါ့မယ်..တစ်ညလောက်အိပ်ရေးပျက်ခံပြီးပေါ့း)
ဟက်ပီးခရစ်စမတ်လေးဖြစ်ပါစေရှင့်
ချစ်ခင်စွာဖြင့်

ချောကလက်ကျူးပစ်လေး said...

နှစ်သစ်မှာပျော်ရွှင်ပါစေကိုကြီးရေ

ဘိုဖြူ said...

ပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေလို့
စိတ်ထဲရှိတာအားလုံး
အကောင်အထည်ဖော်နိုင်ပါစေ

စံပယ်ချို said...

အဲဒီလိုအပြောလေးတွေနဲ့ပဲ
ဘ၀အမောပြေနေရတာ

Angelhlaing(May everybody be happy and healthy! said...

ပျော်ရွင်ဖွယ် ခရစ်စမတ်ချိန်ခါလေး ဖြစ်ပါစေ ..
ကြည်နူးပျော်ရွင်နေမဲ့ ဇနီးမောင်နှံ နှစ်ဦးကို မြင်ယောင်ရင်း...Happy New Year ပါလို့..

Candy said...

အင်း.. ကိုလွင်ပြင်တို့ကတော့ မဒမ်လွင်ပြင်မပါရင် စာကိုမရေးတတ်တာ.. ဟဟဟ

ဖတ်သွားတယ်ဗျို့.. ရေးပေးလို့ ကျေးဇူး Merry Christmas ပါ :D

တွတ်တွတ် said...

အနှစ်ချုပ်လိုက်တော့...ထုံးစံအတိုင်း..မဒမ်လွင်ပြင်ကိုပွဲထုတ်တာကများနေတယ်..ကိုကိုလွင်ပြင်ရေ....ဘာပြောပြော..ဒါဟာကြည်နူးစရာပါပဲဗျာ...ချစ်ခြင်းမေတ္တာတရားနဲ့နားလည်မှု အချိုးကျချိန်ညှိလို့ ခရစ္စမတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် သာယာပျော်ရွှင်သော မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ရစေသား.......

mstint said...

လွင်ပြင်လေးရဲ့ ဒီဇင်ဘာအကြောင်းဖတ်တော့
တီတင့်တို့ငယ်စဉ်ဘဝကို သတိတရဖြစ်သွားပြန်တယ်။
ရင်ထဲကစံပယ်လေးကို တန်ဘိုးထားပြီး
ဘဝခရီးတစ်လျှောက် ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်
ကြပါစေလို့ တဂ်ပို့စ်လေးဖတ်ရင်း တောင်းဆုချွေခဲ့တယ်။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

ချစ်လိုက်ကြတာ။ မနာလိုတောင် ဖြစ်လာပြီ။း)

Unknown said...

ဒီဇင်ဘာမှာ ဒီဇင်ဘာနတ်သမီးလေးနဲ့အတူ စံပယ်တွေ သင်းထုံကြိုင်လှိုင်စွာ ဝေနေတဲ့ အိမ်လေးမှာ ပျော်ရွှင်ကြည်နူးကြပါစေနော်...

H@PPY MERRY CHRISTMAS!..

(လိုင်းမတက်ဖြစ်လို့ ဖတ်တာနောက်ကျသွားတယ် အကိုရေ..:P )

ချစ်ခင်လျက်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :