ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မျက်ရည်

Monday 18 June 2012

မျက်ရည်ဆိုတာ
နှလုံသားရဲ့ သက်သေ
ပုံသေနိယာမကို
ပြောင်းပြန်အချိုးနဲ့
အနိမ့်မှ အမြင့်ဆန်
နှလုံးသားရဲ့ သွေးစက်စစ်စစ်တွေပါ  ။

မျက်ရည်ဆိုတာ
ဘယ်လောက်သန်သန်
ဘယ်လောက်ပဲ မြန်မြန်
ရေစီးမာန်ကို
တားဆီ ချိုးဖျက် လက်နက်ရှိတယ်
ညင်သာတဲ့စီးအား
တည်ငြိမ်စွာရွေ့လျားရင်း
နာကျင်တဲ့ နှလုံးသားက
စီးကျတဲ့ မျက်ရည်စက်တွေကိုတော့
ဘယ်တန်ခိုးရှင်ကမှ တားဆီပေးနိုင်မယ်မထင် ။

မျက်ရည်ဆိုတာ
ဝမ်းနည်းခြင်း အထိန်းအမှတ်
နာကျင်းခြင်းရဲ့ သက်သေ
စိတ်ရဲ့ ထွက်ပေါက်
မာယာရှင်တို့ ကိုးကွယ်ရာ
ပျော်ရွှင်ရင်တောင် တခါတရံ
ကျလာတတ်တဲ့ ခံစားချက်စစ်စစ်
သရုပ်ဆောင်သူတို့ စီးပွါးရှာတဲ့ တန်ဖိုးရှိပစ္စည်း
 သေဆုံးသူတို့ နောက်ဆုံးရလိုက်တဲ့ လက်ဆောင်လေးတစ်ခုပါ ။

မျက်ရည်စက်တွေနဲ့
မျက်နှာမသစ်ပါနှင့်
မျက်ရည်တုတွေနဲ့လဲ
လူတွေကို မလည့်စားပါနှင့်
အချစ်စစ်မှာ မျက်ရည်စစ် ရှိတတ်ပေမယ့်
မာယာရှင် မျက်ရည်တွေကတော့
ပင်လယ်ထဲက ဆားငန်ရေလောက်တောက် တန်ဖိုးမရှိလှပါ  ။

လွင်ပြင်လှိုင်းငယ်
 

19 comments:

ရိုးမြေကျ said...

မျက်ရည်တုနဲ့တော့ မလှည့်စားဖူးဘူး။ မျက်ရည်စစ်တော့ ကျဖူးတယ်။ သိပ်နာကျင်ရပါတယ်။

Phyu Lwin said...

အားလုံးကောင်းတယ်. နောက်ဆုံးပိုဒ်က ပိုထိတယ်.

Latt Latt said...

ကောင်းပါ၏

မင်းမုန်းတဲ့သူ said...

ကိုလွင်ပြင်...မျက်ရည်ကဗျာလေးမိုက်တယ်အစ်ကို
မျက်ရည်ရဲ့အင်အားကတော့တော်တော်ကြီးတာနော်...

ချစ်စံအိမ် said...

မျက်ရည်စက်တွေနဲ့
မျက်နှာမသစ်ပါနှင့်
မျက်ရည်တုတွေနဲ့လဲ
လူတွေကို မလည့်စားပါနှင့်
အချစ်စစ်မှာ မျက်ရည်စစ် ရှိတတ်ပေမယ့်
မာယာရှင် မျက်ရည်တွေကတော့
ပင်လယ်ထဲက ဆားငန်ရေလောက်တောက် တန်ဖိုးမရှိလှပါ ။

3rdthameetaw said...

မျက်ရည်အကြောင်းရေးထားတာကောင်းလိုက်တာ
ပြည့်ပြည့်စုံစုံပဲဗျို့ 

Cameron said...

မျက်ရည်ဋီကာချဲ့နေပါလား...။

နွေတေးရှင်(မင်းဧရာ) said...

သိပ်ကိုကောင်းတဲ့ ကဗျာလေးဗျာ..

မျက်ရည်ချင်းတူတယ်ဆိုရင်တောင်
ယောင်္ကျားတို့ မျက်ရည်များက ပိုပြီးတော့ကို ခါးပါတယ် ဒါကြောင့်မို့ ကိုယ်ကိုတိုင်းလည်း မျက်ရည်မကျဘူး သူတပါကိုလည်း မကျစေဘူး။

မိုးသူ(တောင်ကြီး) said...

မျက်ရည်ဟာ စိတ်ခံစားမှုအထွဋ်အထိပ်ရောက်ရင် ကျတာပဲနော် .... (မျက်ရည်အတုများကိုမဆိုလိုပါ)

ခင်တဲ့
မိုးသူ(တောင်ကြီး)

kiim said...

မျက်ရည် အကြောင်း လာဖတ်သွားပါတယ်...။
ကင်မ်ကတော့ မျက်ရည်လွယ်တယ်.. အရမ်းခံစားတတ်တော့
ခဏခဏမျက်ရည်ကျတတ်တယ်...။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မျက်ရည်ဆိုတာ နှလုံးသားက စိမ့်ထွက်လာတဲ့ နှလုံးသွေးပါပဲ။ အတုအဖြစ် မျက်ရည်စစ်စစ် ကို ထုတ်နိုင်တဲ့သူတွေကိုတော့ တော်တော်အံ့ကြမိတယ်..။ မျက်ရည်တစ်စက်ထွက်လာဖို့ ဘယ်လောက် နာကျင်ရတယ်ဆိုတာ မျက်ရည် ကျဖူးသူတိုင်းသိပါတယ်... နော်

မဒမ်ကိုး said...

သေဆုံးသူတို့ နောက်ဆုံးရလိုက်တဲ့ လက်ဆောင်လေးတစ်ခုဟာ မျက်ရည်တဲ့လားအကို..

ဟုတ်တယ်...

ချစ်ခင်လျှက်
ညီမငယ်မဒိုးကန်

မျိုးဆကိသစ်မှတ်တိုင် said...

မျက်ရည်အကြောင်း ဖွင့်ဆိုထားပုံကတော့

အရမ်းထိမိ အသက်ဝင်လှပါတယ်.ကိုလွင်ပြင်ရေ..

roseayemaung said...

မျက်ရည်....အားတွေဖွဲ့ဆိုထားတာအ၇မ်းထိမိပါတယ်ကောင်း၏

Cameron said...

ဘော်ဒါရေ အိုကေလား.....

Mary Grace said...

http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

မိုးညချမ်း said...

မျက်ရည်တစ်ခါကျတိုင်း တစ်ခါနာကျင်ရတယ် အစ်ကိုရေ ... :)

အိပ်မက်ကောင်းကင် said...

ကဗျာလေးက တိုတိုလေးနဲ့ ရင်ထိပါတယ် ^_^

Unknown said...

ခုမျက်ရည်ကျနေတဲ့အချိန်ပေါ့ အရမ်းကို ခံစား၇ပါတယ်

မျက်ရည်ဆိုတာ
နှလုံသားရဲ့ သက်သေ
ပုံသေနိယာမကို
ပြောင်းပြန်အချိုးနဲ့
အနိမ့်မှ အမြင့်ဆန်
နှလုံးသားရဲ့ သွေးစက်စစ်စစ်တွေပါ ။သိပ်မှန်တာပေါ့

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :