ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နှလုံးသားဧည့်သည် နှလုံးသားသရဲ

Wednesday 7 December 2011

              
      အနောက်ဘက်စွန်းစွန်းဆီမှ ရွှေအိုရောင် နေလုံးကြီးဟာ နေ့ခင်းဘက်က တောက်ပထွန်းလင်း ပူလောင်ခြင်းအလင်းတန်း မာန်မာနတွေခ၀ါချပြီး တဖြေးဖြေးမှေးမိန်ကာ ကမ္ဘာလောကကြီးကထွတ်ခွါဖို့ နှုတ်မဆက်ချင်ဆက်ချင်နဲ့ပေါ့။နေလုံးကြီးကိုကြည့်ပြီး ကျွန်မလည်း
ဝမ်းသာသလိုလို ၀မ်းနည်းပူဆွေးသလိုလို ဒွိဟစိတ်နဲ့ ၀မ်းသာတာက ပူလောင်မှု့တွေပေးပြီး အဝေးထွက်သွားလို့ ၀မ်းနည်တာက နှုတ်ဆက်နေတဲ့ နေလုံးမျက်နှာဟာ ကမ္ဘာမြေကိုမခွဲချင်မခွါချင်သံယောဇဉ်အမျှင်တန်းလေးကို ကျွန်မတွေ့ရှိခံစားရလို့ပါပဲလေ။ဒီလိုနဲ့ နှလုံးသားကို ထပ်ပြီးမနာကျင်အောင် မတွေးဘူး မစဉ်းစားဘူးလို့ ဦးနှောက်ကို အထပ်ထပ်ကတိပေးထားတဲ့ ကတိစကားကို နှလုံးသားက စတင်ဖောက်ဖျက်ပြီး ဆိုးရွားနာကျင် မလှပတဲ့သူ့ရဲ့ အချစ်စာမျက်နှာကို တရွက်ချင်း လှန်ကြည့်ဖို့ အားသန်နေလေရဲ့ စာမျက်နှာတွေ မျာများစားစားမရှိတဲ့ အချစ်စာမျက်နှာဟာ တရွက်ချင်း စိတ်ဝိညာဉ်အတူလွင့်မြောသွားပါတော့တယ် ။

                      လက်ရှိကျွန်မအသက်က ၂၈နှစ်ပြည့်ပြီးသွားပါပြီ ငယ်စဉ်အခါက အချစ်ဆိုတဲ့ ဧည့်သည်ဟာ တကြိမ်တခါလေးမှ တံခါးခေါက်ပြီး ၀င်လည်ဖို့မတွေးခဲ့ဘူးထင်ပါတယ် ဒါကလဲ နှလုံးအိမ်လေးဟာလှပပြီး ပြည့်စုံတယ်ထင်လို့ မာန်မာနတွေခြံရံပြီး အချစ်ဧည့်သည်မ၀င်ရလို့ နှလုံးသားတံခါးမှာ ချိတ်ထားလို့ထင်ပါရဲ့ရှင်။မှတ်မှတ်ရရ ကျွန်မနှလုံးသားကို အကြောက်အလန့်မရှိပေမဲ့ မျက်နှာငယ်လေးနဲ့လာခေါက်တဲ့သူရှိတဲ့အချိန်မှာ ကျွန်မအသက်၂၅နှစ်ရှိနေပါပြီ။"မောင်"ဟာကျွန်မနှလုံးသားထဲ မဖိတ်ခေါ်ပဲ အရဲစွန့်ဝင်လာတာကတော့ လေးလှိုင်းထဲကပေါ့ လေးလှိုင်းထဲမှာ ချစ်ခြင်းတွေ မုန်းခြင်း ကြေကွဲခြင်း ခံစားချက်တွေရှိလိမ့်မယ်လို့ ထိုအချိန်တုန်းက ကျွန်မမသိခဲ့ပါဘူး။လေလှိုင်းမှတဆင့် ခင်မင်မှု့နဲ့အစပြု သံယောဇဉ်တွေနဲ့ချီနှောင် တွယ်တာတာတွေထပ်ရစ်ဆိုတော့ အချစ်ဆိုတဲ့ စာမျက်နှာစတင်ပုံနှိပ်ရတော့တာပေါ့။

                      ပြည့်စုံလှပြီးထင်ထားတဲ့ ကျွန်မ ဘ၀အိမ်လေးဟာ အချစ်ဧည့်သည်ရောက်လာမှပဲ တကယ့်ကို အစစ်အမှန်ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ နှလုံးသားဂေဟာလေးလို့ စတင်သိလိုက်ရပါတယ် အချစ်ဆိုတဲ့ ကစားပွဲတွင်းကို ပထမဆုံးအကြိမ်ဝင်ကစားဖူးတဲ့ ၂၅နှစ်ရှိတဲ့ မိန်းမတစ်ယောက်မှာ ရှက်ရွံ့ခြင်း သိမ်ငယ်ခြင်း ရိုးသားစွာယှဉ်ပြိုင်ခြင်းတွေနဲ့ အတူ ကြည်နူး ရင်ခုန် ပျော်ရွှင်ခြင်းတွေကလဲ အနှိုင်းမဲ့ပေါ့။ကစားပွဲမှာ သာယာကြည်နူးစွာ ကခုန်နေတုန်း ဘ၀ကို သိမ်ငယ်ဝမ်းနည်လို့ဆိုတဲ့ ဆိုင်းဘုတ်ကိုထောင်ပြပြီး သူထွက်ခွါဖို့ပြင်ဆင်နေတယ်ဆိုတာကို ခပ်အအ ကျွန်မတစ်ယောက်အစကမသိခဲ့ရိုးအမှန်ပါ နေ့စဉ်ရက်ဆက် တွေ့နေကျနေရာလေးမှာ မောင် ကပေါ်လာလိုက်ပျောက်သွားလိုက် အကြောင်းရင်းကိုမေးတော့လဲ မိသားစုအဆင်မပြေမှု့တွေ ငြီးတွားနေပြီး အချစ်ဆိုတဲ့ စကားလမ်းကြောင်းပေါ်တောင်မရောက်တာကြာခဲ့ပါပြီ အခုဆို မောင် လုံးဝကိုရောက်မလာတော့ မောင်နဲ့စတင်ဆုံဆည်းရတဲ့ နေ့ရက်မှစလို့ ပျော်ဖူးတဲ့နေ့တွေအလယ် ကြေကွဲတဲ့ ညတွေအဆုံးပြန်ဖတ်ပြီး ရီလိုက် ငိုလိုက်နဲ့ နောက်ဆုံးတော့ ကီးဘုတ်နဲ့ မျက်ရည်တောင် ဆုံဆည်းခွင့်ရခဲ့ပါတယ်။

                       နောက်ဆုံးတော့လဲ နှလုံးသားဧည့်သည်ဟာ နှုတ်တောင်မဆက်ပဲ တိတ်တိတ်လေး နှလုံးသားတံခါးမှာ စာလေးညှပ်ပြီး အိမ်ဂေဟာမှ အပြီးတိုင်ထွက်ခွါသွားခဲ့ပါပြီ ထွက်ခွါသွားပေမဲ့ ပြန်လာနိုးနိုးနဲ့ မျှော်ရလွန်းလို့ နှလုံးသားတောင် ပုံမှန်မဟုတ်ပဲ ရှည်မျောမျော်လေးဖြစ်နေပါပြီ မောင်ရယ်။သူထားသွားတဲ့ စာခေါက်လေးကို နေ့စဉ်ဖတ်ပြီး လွမ်းရတာရက်ပေါင်းမနည်းတော့ပါဘူး။
နောက်ဆုံးလက်ဆောင်စာသားလေးတောင်များများစားစားမရေးသွားဘူးနော် "'မ''မောင့်'မိသားစုကအရမ်းဆင်းရဲလို့မောင်မရှိရင်မဖြစ်လို့ ရင်နာနာနဲ့ပဲ မ ကိုထားခဲ့တာပါ အချစ်ဆိုတာ အစားထိုးလို့ရပေမဲ့ အစားထိုးလို့မရတဲ့မိဘအတွက်ဒီလိုဆုံးဖြတ်လိုက်တာပါ"တဲ့ ဒါကတော့ ဘ၀မှာ နှလုံးသားဧည့်သည်ရဲ့ နောက်ဆုံးစာလေးပါပဲ။

                    မချစ်ဖူးလို့ ချစ်မိခဲ့ပါတယ် ချစ်မိတော့လဲ ကြေကွဲရတာကော လွမ်းရတာကောစုပေါင်းပြီးရိုက်ချက်မှာ လူးလိမ့်နေရအောင်ခံခဲ့ရတော့ တော်ပါပြီ အချစ်ဆိုကြောက်လွန်းလို့ နှလုံးသားတခါးပိတ်အိပ်နေတာတောင် ကြောက်တတ်သူကို သရဲပိုခြောက်သလိုပဲ ခြောက်သွေ့နေတဲ့ နှလုံးအိမ်ကို အချစ်ဆိုတဲ့သရဲကနေ့စဉ်ရက်ရက်ဆက်လာခေါက်ပြီး ခြောက်လှန့်နေပြန်ပါပြီ။
ဒုတိယအကြိမ်နှလုံးသားတံခါးကိုလာခေါက်တဲ့ အချစ်သရဲလေးကတော့ အရင်တကြိမ် ဧည့်သည်ထက်သာတာကတော့ အသက်အရွယ်ကွာတာပါပဲ။သူနဲ့ကျွန်မ ၇နှစ်ကွာပါတယ် ကျွန်မကသူ့ထက်ပိုကြီးပေမဲ့ သူကကျွန်မကို ကလေးတစ်ယောက်လိုပဲ အလိုလိုက် အကြိုက်ဆောင်ပြီးကျွန်မမျက်နာလေး ညို့နေရင်တောင် မေတ္တာရေဖြန်းပြီးလန်းစေတဲ့သူပါ။သူငယ်ချင်းအဖြစ် ၁နှစ်လောက်နေလာပြီးကာမှ သူကရင်ခုန်သံကို ကျွန်မနားဆင်ဖို့ဖွင့်ဟခဲ့ပါတယ်။သံယောဇဉ်တွေ တွယ်ရစ်နေတဲ့ နှလုံးသားနှစ်ခုဟာ အချစ်ကိုကြောက်တဲ့စိတ်ရိုက်ချိုးပြီး နောက်၁နှစ်အကြာမှာ သူ့ကို ချစ်တယ်လို့ ရိုးရိုးလေးပဲ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။သူဟာ နှလုံးသားဇွဲဆုကော အချစ်တုကောပူးတွဲပေးအပ်ခံခဲ့ရတာပေါ့။

                    အခုတော့ နောက်တကြိမ် အချစ်ပင်လယ်ထဲကိုကျွန်မ စိုးထိတ်စွာ ရင်ခုန်စွာ ရွက်လွင့်ခဲ့ပါပြီ။ဘယ်လိုကံကြမ္မာမုန်တိုင်းက ကျွန်မအချစ်လှေငယ်ကို ဖျက်ဆီမယ်ဆိုတာတော့ ကျွန်မမသိစိတ်နဲ့ အိပ်ရေးပျက်ပေါင်းများပါပြီ ။ချစ်ခဲ့ပြီးတော့မှလဲ နောက်တဆင့်တက် ဘ၀နှစ်ခုကို ဘ၀တခုဖြစ်ဖို့ မေးခွန်းလေးတွေ ကျွန်မမေးတတ်လာပါပြီ။မေးလိုက်တိုင်းမှာလဲ သူကရှောင်းတတ်ပါတယ် ချစ်ခြင်းပန်းတိုင် လက်ထပ်ခြင်းကို သူကအကြောင်းပြချက်မျိုးစုံနဲ့ ပယ်ချပါတယ်။သေချာတဲ့အဖြေတစ်ခုပေးလို့ပြောရင် မရေရာတဲ့ အကြောင်းပြချက်တွေပဲ ဖြေတတ်တာလဲသူပါပဲ။

                    ကျွန်မနားလည်လာပါပြီ နေ့စဉ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပီတိတွေဝေစေတဲ့vzoတောင် ကျွန်မမဖွင့်တော့တာကြာပါပြီ။ဘာကြောင့်လဲ လာမမေးပါနဲ့ သူသင်ပေးတဲ့ အကြောင်းပြချက်ပေးနည် ကျွန်မသိနေပါပြီ တကြိမ်တခါ ထားခဲ့ခြင်းခံရဖူးသော ကျွန်မရဲ့ သနားစရာကြောင်းသော နှလုံးသားက ဒီတကြိမ်တော့ အရင်ဆုံး နှုတ်ဆက်ထွက်ခွါသွားချင်နေပြီထင်ပါရဲ့။
အတိတ်စာမျက်နှာတောင် အဆုံးသတ်ဖတ်လို့မပြီးသေး ကျွန်မအသိတရားဝင်လာတော့ နေမင်းကြီးတောင်ပျောက်ကွယ်လို့ လခြမ်းလေးဟာ ကြယ်အစုတွေဝန်းရံပြီး ကမ္ဘာလောကကို ပြုံးပြပြီးစောင့်ရှောက်နေပါရောလား။

(သူငယ်ချင်းလေးအတွက် မရေးတတ်ပေမဲ့ အမှတ်တရရေးချပြတာပါ)
လွင်ပြင်လှိုင်းငယ်

7 comments:

လမင်းငယ် said...

မရေးတတ်သေးလို့ပဲ ဖတ်လို့ကောင်းတယ်
လူကမျောပါသွားတယ် :)

AH said...

ကိုလွင်ပြင်ရေ.... မရေးတတ်လို့သာ တော်တော့တယ်... အရမ်းကောင်းပါ့ဗျာ...

စံပယ်ချို said...
This comment has been removed by a blog administrator.
♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးခဲ့ပါတယ် အကိုတော်ေ၇

စောနေသွေး said...

ကျတော် တော့ မရေးတတ်တဲ့ သူတွေကို တောင်လန့်နေမိတယ် လေ ဘာကြောင့်လဲ ဆိုတော့ ပညာရှိမှာ ကိုယ့်ဂုဏ်ကို ကိုယ် မဖေါ်ြ့ကလို့လေ............

ပိတောက် said...

အဲ့တာပါပဲ ယောင်္ကျားပေါတယ်၊ လင်ကောင်းရှားတယ်ဆိုတာ ကျမတို့မိန်းမတွေအတွက်၊ လွင်ပြင်ရေ သူငယ်ချင်းမလေးကိုပြောလိုက်အားမငယ်ပါနဲ့လို့၊ ကျားတွေ မှာ ကောင်းတာသူများတွေယူသွားပြီတဲ့၊ ကျန်တဲ့အထဲမှာလဲ ဂေး နဲ့ ဟူး လွယ်ပါဘူး။

မဒမ်ကိုး said...

အင်းး အင်းးး အင်းးး အဲလိုတွေတချို့ကခံစားကြ
တချို့တွေက မုန်းကြ တချို့တွေက ချစ်ကြ
အွန်လိုင်းအချစ်ကိုများ ဘာထင်နေကြလို့တုန်း
ဘ၀ နဲ့ရင်းလိုက်ရမယ်မှတ်း)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :