ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဖြေပေးပါ

Thursday 29 December 2011

                                                   မုန်တိုင်းလှိုင်းတံပိုးတွေကြား
  လူးလွန့်လှေငယ်လေး
 ဘယ်သောင်ပြင်မှာဆိုက်ကပ်ရမလဲ
  ဖြေပေးပါ ။ 
  လေအဟုန်စုန်ဆန်ကာပျံသန်းနေရတဲ
အသိုက်ပျောက်ငှက်ကလေး
  ဘယ်ဆီမှာခိုနားရမလဲ
  ဖြေပေးပါ ။
 ရောင်စုံခြယ် လူတွေကြားထဲ
  အထီးကျန်နေသူလူသားတစ်ဦးလဲ
ဘယ်ဆီမှာ ရှင်သန်ရမလဲ
ဖြေပေးပါ ။
ရေးသားသူ>>>>မိုးစက်ငယ်
(သူငယ်ချင်းမလေး မိုးစက်ငယ်ရဲ့ ရင်တွင်းမှ ကဗျာတစ်ပုဒ်ဖြစ်ပါသည် ။)

11 comments:

မဒမ်ကိုး said...

အင်း အထီးကျန်နေရင်တော့ ရိပ်သာကအအေးဆုံး ဒါပေမယ့် မသွားနိုင်သေးဘူး ဟိဟိ အချစ်ရှိနေလို့း)

စံပယ်ချို said...

အထီးမကျန်အောင် အချစ်ရှာလေ

ကိုကိုမောင်(ပန်းရနံ့) said...

ဖြေပေးပါဆိုလို့ ကြိုးနဲ့များ အတုပ်ခံရသလားလို့ လာကြည့်တာ။း)

Unknown said...

ဘယ်မှမသွားနဲ့..လာ..ဒီကိုလာ..ဟီး..စတာနော်
ကဗျာလေးက ကောင်းလိုက်တာ ကြိုက်တယ်ဗျို့...

ခင်မင်လျက်

Anonymous said...

ဝရှိလယ်လေ မီပူလဲ့ လာထား အာဘွား ငှဲငှဲငှဲ
ကဗျာလေးအားပေးပါတယ် မိုးစက်ငယ်
ယောက်ခမ က ဘာတုံး

လမင်းငယ် said...

အားပေးသွားပါတယ်

ပေါ့ဆိမ့် said...

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ။ ကဗျာလေး ဖော်ကျူးထားတဲ့ အဓိပ္ပာယ်လေး သဘောကျမိလို့ နောက်တစ်ပိုဒ်လောက် ထပ်စဉ်းစားကြည့်မိပါတယ် ...

အတ္တအမှောင် စိတ္တဇကမ္ဘာထဲ
မာနလိပ်ပြာငယ်ကလေး
ဘယ်သုခဘုံမှာ ခိုလုံရမလဲ
ဖြေပေးပါ ။

ခင်မင်စွာဖြင့်
ပေါ့ဆိမ့် (ဆင်တဲကဖေးကိုယ်စား)

သမီးစံ said...

သြော်မိုးစက်ငယ်ရယ်
ဘယ်ဆီမှာရှင်သန်ရမလဲဟုတ်လားး)
ကိုယ့်ဝါ့ကိုယ်တောင်မသိတာ
ဘေးလူဆို..ပိုဆိုးပေါ့ကွယ် :P
ကဗျာလေးအားပေးသွားပါတယ်ရှင်
ပျော်ရွှင်ပါစေနော်

blackroze said...

အဟီးးးး
ကိုယ်တောင်နေရာရှာနေတုန်းရှိသေး

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးခံစားရင်း ကွန်မန့်တွေကြောင့် ပြုံးသွားတယ် အကို..:):)

ဘိုဖြူ said...

ဘိုဖြူရင်ထဲမှာပဲရှင်သန်လိုက်ပါတော့ဗျာ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :