ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အိပ်မက်လေးသို့ အဖြေစကား

Friday 9 December 2011


ချစ်လား ချစ်လား မောင်ရယ်လို့
ခဏခဏမမေးပါနဲ့လား
အမေးစကားကြားမှာ မင်းမောမှာစိုးလို့ပါ
ရင်ကိုခွဲ နှလုံးသားကိုခင်း
သွေးကြောမျှင်တွေ ရှက်သန်းပြီး
မင်းကိုချစ်တယ် ဆိုတဲ့
အက္ခရာတောင် ပေါ်နေမလားပဲ  ။

မကြင်နာ  နာကျင်အောင် ထားသွားမလားလို့
မတွေးမိပါစေနဲ့ ချစ်သူ
နှလုံးသားက နာကျင်တာတော့မပြောနဲ့
ခန္ဓာကိုယ် နာကျင်အောင်
မင်းကို ကိုက်မဲ့ ခြင်တစ်ကောင်တောင်
ငါတော်တော်မုန်းနေတာ
မင်းအသိပါ ချစ်သူရာ  ။

အသစ်တွေ့လို့ ပစ်သွားမလားဆိုတာ
အိပ်မက်ထဲတောင် ထည့်မမက်ပါနဲ့
အဟောင်းရှိမှ အသစ်ဆိုတာပေါ်လာတာပါ
မင်းဟာ ငါ့ဘ၀အတွက်
ဘယ်တော့ ဘယ်အချိန်မှ
မဟောင်းနွမ်းပဲ
အကောင်းတိုင်းရှိနေမဲ့
အနာဂါတ်ရဲ့ လမ်းပြဆရာမပါ  ။

ဇရာအိုလို့ ကညာပျိုတွေကို
အလှတရားတပ်မက်လို့
လမ်းခွဲသွားမလားလို့ အတွေးနဲ့
မင်းမအိပ်ပဲ
အိပ်ပျက်ခံတွေးတွေးနေတာငါသိပါတယ်
ချစ်စက မင်းရုပ်လှတယ်
ချစ်လယ်မှာ စိတ်အလှက ပိုထပ်တိုးလို့
အဆုံးသတ်
ငါ့အချစ်တွေ ငါ့ဘ၀ ငါ့အိပ်မက်နဲ့
ကုန်ကုန်ပြောမယ်
ငါ့ရှင်သန်ခြင်းတောင် မင်းလက်မှာ
အဆုံးသတ် သဂြိုလ်ပြီးမှတော့
အလှတရားဆိုတာ ဘ၀တပါးပြောင်းလို့
နတ်မိမယ်တွေတောင် ရင်ခုန်တော့မှာမဟုတ်ပါဘူး  ။

လွင်ပြင်လှိုင်းငယ်

12 comments:

Anonymous said...

ဂယ်လားဗျ...
မမကို မေးကြည့်မှာနော်...ဟိ
မမတော့ ဖတ်ပြီး ကြွေတော့မှာပဲ.. :D

ခင်လျက်
Junemoe

ဘိုဖြူ said...

စာသားတွေအားလုံးမိုက်တယ်
လိုအပ်ရင် ကူးမယ်နော်

မောင်ဘုန်း said...

ချစ်တက်လိုက်တာ လွန်ရော ....

စံပယ်ချို said...

အနာဂါတ်ရဲ့ လမ်းပြဆရာမပါ ။
သေချာရဲ့လားဟယ်

လွင်ပြင်လှိုင်းငယ် said...

သေချာပါတယ်ဟယ် ဟီး ဟိ

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ကောင်းလိုက်တဲ့ စာရေးသူ အားပေးတယ်ဟေးးးးးးးးးးးးးးးးးးးးးးးးးးး

သူကြီးမင်း (တုံးဖလား) said...

အင်းးးး.... ဟိုက အဟုတ်ကြီး ထင်သွားဦးမယ်။ ဟာ ဟ။း)

Anonymous said...

ပါးပါး
သားသား
အားအား
နဲ့ အော်ပီ
သမီးပေးမှ
သမက်တော်ရမယ်နော်
ပေးနော်
မပေးရင်ငိုမှာ...အဟင့်

Candy said...

ချစ်တတ်ရန်ကော ကိုလွင်ပြင်ရယ် :D :D

လမင်းငယ် said...
This comment has been removed by the author.
လမင်းငယ် said...

ကဗျာလေးခံစားအားပေးသွားပါတယ်

laylwintlu said...

ကိုလှိုင်း ကဗျာလေးကိုခံစားသွားပါတယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :