ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မင်္ဂလာဧည့်ခံပွဲ

Wednesday 11 April 2012

အချစ်တွေ ရှားပါးပြီး
သင့်တော်ရာဆိုတဲ့
အိမ်ထောင်ကျမ်းကို
အကောင်အထည်ဖော်
ငွေကြေးဝတ်ရုံတွေ ဆင်မြန်း
မာယာပန်းတွေ ကြဲ
 အနင်းချေခံ သစ္စာကောဇောထက်
မေတ္တာဆိုတာ နောက်လက်ထပ်ပွဲရဲ့
သတိုးသားလောင်းလား စိတ်မှာထားပြီး
ချစ်တတ်သူများရဲ့ နှလုံးသားကို
ပကာသနစာပွဲပေါ်ချကျွေး
ကိုယ်ချင်းစာစိတ်မရှိတဲ့
ဖန်ခွက်ထဲက ၀ိုင်တချို့ကတော့
ထူးခြားစွာအရောင်မပြောင်းပေမယ့်
ချစ်တတ်သူသောက်မိရင်တော့ အဆိပ်တစ်ခွက်ပေါ့ ။

ဟန်ဆောင်ပြုံးတွေ
လိမ်ညာ နှုတ်ဆက်သံတွေကြား
ကောက်ကျစ်တဲ့ မျက်လုံးများနဲ့
လက်ဖွဲ့တွေပျောက်မှာစိုးလို့
ရေတွက်နေရင်း
ထားခဲ့ဖူးတဲ့ ရည်စားတွေတွေ့ရင်
အသုံးမကျတဲ့ ယောကျာ်းများလို့ စိတ်မှာကျိန်ဆဲ
ရိုးသားတဲ့ ချစ်ခြင်းအတွက် ရလဒ်ကတော့
သေနာကောင် ငါ့ပွဲဘာလာလုပ်တာလဲတဲ့ ။

အသွင်တူမှ အိမ်သူဖြစ်သတဲ့
အသွင်တူတာက ငွေကြေးကိုးကွယ်တဲ့ စိတ်ဓါတ်
ကြင်နာတာက ငွေရှာကောင်းတဲ့ ၀ံပုလွေခေါင်းနဲ့နင်
အပြင်မှာရှာမှာက မအူမလယ်နဲ့
အသုံးချလို့ရမယ့် အငုံလေးတွေ
ကံအကြောင်းမလှလို့
စီးပွါးရေးမှောက်ကျမယ် မကြံနဲ့
နောက်တစ်ယောက်က ဒီပွဲမှာပဲ ရှာပြီးသား
အကြွေးတွေကို အတွေးနဲ့ဆပ်ရင်း
ဘယ်အချိန်မှာ မင်္ဂလာပွဲပြီးသွားတာ မသိပေမယ့်
ကားအကောင်းဆုံးနဲ့ အဘိုကြီးတစ်ယောက် နှုတ်ဆက်သွားတာတော့
ဒီပွဲမှာ မေ့မရတဲ့ သွားမပါတဲ့အပြုံးလေးတစ်ခုပေါ့ ။

လွင်ပြင်လှိုင်းငယ်

4 comments:

မိုးသက် said...

နှစ်သစ်မှာပျော်ရွှင်ပါစေ အစ်ကို ကဗျာလေးမိုက်တယ်ဗျာ.။

ချစ်စံအိမ် said...

ဒါမျိုးတွေလည်းရှိတာပဲ
နှစ်သစ်မှာပျော်ရွှင်ပါစေ

Evy said...

ပျော်စရာနှစ်သစ်ဖြစ်ပါစေလို့လာနုတ်ဆက်ပါတယ်။

မောင်ဘုန်း said...

ဟားးးးးးးးးးး .... သွားမပါတဲ့ အပြုံးလေး တစ်ခု ..... အဟီး ...... ကောင်းတယ် ဗျာ ... ။

မရောက်ဖြစ်ဘူး နောင်တော်ရေ .... လင့်လည်း အသစ် ချိတ်လိုက်ပါပြီ .... ။

ပျော်ရွှင်ဖွယ်ရာ မြန်မာ နှစ်သစ်လေး ဖြစ်ပါစေ ဗျာ ... ။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :