နာကျင်နေတဲ့ ကောင်းကင်
ဝမ်းနည်းစွာ ငိုမဲ့မဲ့မျက်နှာနဲ့
ခံစားချက်တွေ သွန်ချလိုက်တော့
အလွမ်းမိုးစက်တွေအဖြစ်
ငါ့ကိုယ်မှာ ရွှဲရွှဲစိုလို့ ။
မြင့်ရာမှ နိမ့်ရာဆီသို့
အပူပင်မဲ့ စီးတဲ့မြစ်ချောင်း
ဒဏ်ရာထောင်ပေါင်းများစွာနဲ့ငါ
မြင့်ရာမှ နိမ့်ရာစီးဆင်းတာ
သဘာဝဆိုပေမယ့်လဲ
နှလုံးသားမှာ မြစ်ဖျားခံ
ခံစားချက်တွေ စုန်ဆန်တက်ပြီး
မျက်ဝန်းမှသည်
ခံစားချက်တွေ မျက်ရည်မြစ်အဖြစ်
ပါးပြင်မှာ တလိမ့်ချင်းဆင်းတာကတော့
သဘာဝနဲ့ ဆန့်ကျင်နေမလား ။
ပင်လယ်မှာပျော်တဲ့ ငါး
စမ်းချောင်းသေးသေးမှာ
နေပျော်မလားလို့ မတွေးသလို
စမ်းချောင်းထဲက ငါး
အကောင်သေးလို့ ပင်လယ်မှာ
ငါကူးနိုင်ပါ့မလား စဉ်းစားမှာ မဟုတ်ပါဘူး
ဒီလိုပါပဲ
ဘယ်အချိန်မှာ ဘာဖြစ်မယ်
ဘုရားမှလွဲ
မသိနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းကို
ဗေဒင်ဆရာတစ်ယောက်ရဲ့
ထမင်းဝိုင်အဆင်လှဖို့
ငါက မင်းနှလုံးသားအပြင်ထွက်
အလွမ်းတွေနဲ့ အသက်ဆက်နေရမှာလား ။
အလွမ်း အလွမ်းနဲ့
သီချင်းဆိုရင်တော့ နားထောင်ကောင်းပေမယ့်
ခက်တာက
ဘ၀ဆိုတာ သာယာနာပျော်ဖွယ်ကောင်းတဲ့
သီချင်းတစ်ပုဒ်မဟုတ်သလို
ပန်းချီဆရာရဲ့ စုတ်ချက်နဲ့
လိုသလိုဆွဲမရသလို
နှလုံးသားက စက်ရုပ်မဟုတ်တော့
ပျက်သွားတဲ့နေရာကို ပြန်ပြင်လို့မရ
သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့
ရှင်သန်ခြင်းရဲ့ စုရပ်ဆိုတော့
ခက်တော့ ခက်သားလား ။
လွင်ပြင်လှိုင်းငယ်
12 comments:
အလွမ်းကို ဖော်ပြထားတဲ့ တင်ဆက်ပုံလေးကို
သဘောကျတယ် အားပေးလျှက်ပါပဲ
လိုသလိုဆွဲမရသလို
နှလုံးသားက စက်ရုပ်မဟုတ်တော့
ပျက်သွားတဲ့နေရာကို ပြန်ပြင်လို့မရ
သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့
ရှင်သန်ခြင်းရဲ့ စုရပ်ဆိုတော့
ခက်တော့ ခက်သားလား ။
စာသားလေးကောင်း၏ အားပေးသွားပါတယ်။
ရေးတတ်တဲ့သူများကျတော့လည်း ဘယ်လိုရေးရေး အမြဲကောင်းနေတော့တာပဲ. အားကျလျက် ခံစားအားပေးသွားပါတယ်...
ပင်လယ်မှာပျော်တဲ့ ငါး
စမ်းချောင်းသေးသေးမှာ
နေပျော်မလားလို့ မတွေးသလို
စမ်းချောင်းထဲက ငါး
အကောင်သေးလို့ ပင်လယ်မှာ
ငါကူးနိုင်ပါ့မလား စဉ်းစားမှာ မဟုတ်ပါဘူး
တော်ရာမှာနေနေတဲ့ ဘ၀ပါ ဗျာ
ကိုလွင်ပြင်ရေ ကျွန်တော် လင့်ပြောင်းချိတ်ပြီးပါဘီ
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
ပင်လယ်မှာပျော်တဲ့ ငါး
စမ်းချောင်းသေးသေးမှာ
နေပျော်မလားလို့ မတွေးသလို
စမ်းချောင်းထဲက ငါး
အကောင်သေးလို့ ပင်လယ်မှာ
ငါကူးနိုင်ပါ့မလား စဉ်းစားမှာ မဟုတ်ပါဘူး
တော်ရာမှာနေနေတဲ့ ဘ၀ပါ ဗျာ
ကိုလွင်ပြင်ရေ ကျွန်တော် လင့်ပြောင်းချိတ်ပြီးပါဘီ
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
လောကဇာတ်ခုံမှာ ဖြစ်ပျက်နေတဲ့
သဘောတရားတွေကို ကဗျာလေးက
ထိထိမိမိ ပြောပြသွားလေရဲ့..
အစ်ကိုရေ Link ပြောင်းချိတ်လိုက်ပါပြီခင်ဗျာ။ ရှာလိုက်ရတာ။ ဟီး.. ကဗျာလေးလည်း အရမ်းကောင်းတယ် အစ်ကိုလွင်ပြင်ရေ။
အလွမ်းကဗျာလေးကို
လာရောက် အားပေးသွားပါတယ်
ပျော်ရွှင်ပါစေ
ကဗျာလေးရေးတတ်လိုက်တာ..
လက်ကလေးခနပေးငှားပါလား..
လင့်...လေးချိတ်ထားပါတယ်ရှင်...
ဟိုသွားလဲအလွမ်း ဒီလာလဲ အလွမ်း
လွမ်းလွန်းလို့  ငိုချင်လာပြီ...
Post a Comment