ပင်စည်က ခိုင်ခိုင်
ကိုင်းခက်တွေဖြိုင်ဖြိုင်နဲ့
ပင်စည်ဘေး
ခုံတန်းတွေချလို့ရယ်
အေးမြရိပ်ပေးတဲ့ အပင် ။
တစ်နှစ်မှာတစ်လ
တစ်လမှာ တရက်
ခက်ခက်ခဲခဲ
ပွင့်ရှာရတယ်
သစ္စာရှင် ဒီအပင်
ဟို့ရှေ့ရှေ့တုန်းကပင် ။
ရေမကူ မိုးမှာမပွင့်
ဆောင်းရဲ့ အေးဒဏ်
ကြံကြံခံလို့
နွေနေရဲ့ အပူပင်ကြားမှာ
အေးရိပ်တွေပေးပြီး
မိုးစက်လေး တဖြိုက်ဖြိုက်ကြားမှာ
ပွင့်ရရှာသလေ ။
ရိုးတံဖြိုင်ဖြိုင်
ဖူး ငုံ စိမ်းစိမ်းနဲ့
ဝါရောင်တွေ သန်းပါလို့ရယ်
မွေးပျံတဲ့ ဒီရနံ့နဲ့
ရှားပါးသည့် ပန်း ။
ရာသီရဲ့ ဒဏ်
လူတွေရဲ့ သီလ
ဒီသဘာဝတွေကြား
ဖူးပွင့်တာ အချိန်မမှန်တော့
ပြောကြပြန်သေး
သစ္စာမဲ့တဲ့ ဒီပန်းကလေး ။
သစ္စာရှိတဲ့ ဒီပန်းရယ်လို့
တင်စားတာ လူ
ဖောက်ပြန်တယ်လို့
စွတ်စွဲတာလဲ လူ
ဒီအဖြစ် ဒီစနစ်တွေကြားထဲ
ပိတောက်မှာတော့
မျက်ရည် စက်လက်နဲ့ပေါ့ ။
လွင်ပြင်လှိုင်းငယ်
သင်္ကြန်အမှတ်တရ ကဗျာအဟောင်းလေးပြန်တင်ပါသည်။ ပုံကို googleမှကူးယူပါသည်။
5 comments:
ပိတောက်ပန်းလေးကိုလွမ်းဆွတ်ခံစားသွားပါတယ်အစ်ကိုခင်ဗျား...............။
ကဗျာလေးကောင်းတယ်...
ဖတ်ခဲ့ပါတယ် ပိတောက်ရယ်..
ပိတောက်အကြောင်းကို ထိထိမိမိနဲ့ ဖွဲ့စပ်ထားတာမို့
မှတ်သားစရာကောင်းချက်.....
ဘယ်တုန်းက ကဗျာလဲ
နာလဲတိရဘူးနော်
Post a Comment