ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အချစ်ရဲ့ လိုအပ်ချက်များ

Friday 20 April 2012

တကယ်ဆို အချစ်ပဲလိုတယ်တဲ့
ဒီသီချင်းကြားပြီး
စဉ်းစားမိတာက
ချစ်ခြင်းတစ်ခုတည်းနှင့်
အသက်နှင်းပြီး
ချစ်ရသူအတွက်
နားလည်မှုလေးရော မလိုအပ်ဘူးလား ။

ဘ၀အတွက် ခရီးဆက်
ကြင်နာသူ လိုတရဖို့
ငွေကြေးအနည်းငယ်ရော မလိုအပ်ဘူးလား ။

ချစ်ခြင်းတွေ စုစည်း
ဘ၀တွေချီနှောင်
ဖြတ်စရာလက်နက်မရှိတဲ့
သံယောဇဉ်ကြိုးလေးတစ်ချောင်းရော မလိုအပ်ဘူးလား  ။

အခက်အခဲမှန်သမျှ
တစ်ဦးတစ်ယောက်တည်း ဖောက်ထွက်ဖို့မဖြစ်နိုင်လျှောက်တဲ့လမ်းက မှား မှန်သိဖို့တိုင်ပင်ဖော်လေးရော မလိုအပ်ဘူးလား ။

အသစ်အသစ်တွေ့ရင်
ထပ်ထပ်ချစ်ချင်စိတ်အဟောင်းတွေကို မြောင်းထဲပို့ဒါတွေကို တိုက်ဖျက်ထားတဲ့အသစ်မရှာအမြစ်တွယ်ထားတဲ့ အချစ်တစ်ခုတည်းနှင့်ခိုင်မာတဲ့ သစ္စာတရားလေးရော မလိုအပ်ဘူးလား ။

အေးသည့် လေပြည်ကြား
လျှောက်ချင်သည် နှစ်ယောက်သားပူသည့် ကန္တာရလျှောက်ချင်သည်တစ်ယောက်တည်းမို့အေးရင်အတူ ပူရင်မမျှညှာတာတဲ့ စိတ်လေးရော မလိုအပ်ဘူးလား ။

လိုအပ်ချက်တွေများပေမယ့်
မြစ်ဖျားခံတာ အချစ်ရပ်ဝန်းမို့ဘယ်ဆီပဲစီးစီးဘယ်ဆီပဲ မျောမျောအချစ်လက်တက်ခွဲတွေမို့ဘ၀ရဲ့ နောက်ဆုံးချိန်မကသံသရာဆုံးပါစေလိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးချင်သူပါ ။  လွင်ပြင်လှိုင်းငယ်

13 comments:

Cameron said...

ဘရားဒါးကြီးရေ ဦးဦးဖျားဖျားလာမန့်ကြောင်းပါ..။ ခုတလော ကလောင်လက်စွမ်းတွေ တယ်ထက်နေပါ့လားကွယ်...။ ကောင်းပါလေ့ အဲဒီလိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့ချစ်သူစုံတွဲတွေဆိုတာ ရှာမှရှားပဲဗျို့ မြေလှန်ရှာရမလားပဲ......။

mstint said...

တန်းပလိတ်လေးကလဲ မြင်ရတာ စိတ်ကိုအေးချမ်းစေတယ် လွင်ပြင်လေးရေ။ ကဗျာလှလှလေးဆင့်လိုက်တော့ ပြောစရာမရှိ နတ္ထိပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

ကဗျာ အရေးအသားကတော့
ပိုင်တယ်ဗျာ အားကြ
အတုခိုးသွားပါကြောင်း

ချစ်စံအိမ် said...

အသစ်အသစ်တွေ့ရင်ထပ်ထပ်ချစ်ချင်စိတ်အဟောင်းတွေကို မြောင်းထဲပို့ဒါတွေကို တိုက်ဖျက်ထားတဲ့အသစ်မရှာအမြစ်တွယ်ထားတဲ့ အချစ်တစ်ခုတည်းနှင့်ခိုင်မာတဲ့ သစ္စာတရားလေးရော မလိုအပ်ဘူးလား ။ အဲဒါလေးတော့လိုအပ်သလားလို့လေ
ကျန်တာတော့နေပါစေ :P
ဟီးဟီး စတာနော် ကဗျာလေးအရမ်းကောင်းတယ်။။

Anonymous said...

ယောက်ခမကြီးက ရေးတတ်လိုက်တာ လိုက်လည်းလိုက်ပ ၂ယောက်သား

ပဥာက် said...

အမ်း..ကဗျာလေးလည်းကောင်းနောက်ခံဆိုက်ဒီဇိုင်းလည်းကောင်းဗျာ

Snow May said...

ကဗျာလေးက ရေးထားတာကောင်းလွန်းတယ် ဘရားသား.. :) အစ်ကိုရော အစ်မရော ဘယ်အချိန်ရေးရေး ဘယ်လိုရေးရေး ကောင်းနေတော့တာပဲ..:)

Unknown said...

တကယ်ကို အချစ်စစ်နဲ့ ရေးသားထားတာဆိုတော့ ဖတ်ရတာ ခံစားရပါတယ်....:)

မိုးသူ(တောင်ကြီး) said...

ချစ်ခြင်းတွေ စုစည်း
ဘ၀တွေချီနှောင်
ဖြတ်စရာလက်နက်မရှိတဲ့
သံယောဇဉ်ကြိုးလေးတစ်ချောင်းရော မလိုအပ်ဘူးလား ။

ကိုလွင်ပြင်ရေ ကဗျာလေးက ချစ်စရာကောင်းတယ်နော်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလေးရယ် ကဗျာဆန်တဲ့ အပြင်အဆင်လေးရယ်... လိုက်တယ် ကို လွင်ပြင်ရေ..

ခင်တဲ့
ဝသုန်

ကြည်ဖြူခင်ခင် said...

ကောင်းတဲ့ကဗျာလေးပါပဲ.. လာရောက်ခံစားသွားပါတယ် လွင်ပြင်ရေ..

နွေလ said...

တကယ့်လိုအပ်ချက်တွေပဲ အစ်ကိုရေ . . .
အစ်ကိုက ချမ်းချမ်းကို ဆန့်ကျင်လိုက်တာပေါ့
ကဗျာလေးက အရမ်းကောင်းတယ် အစ်ကိုရာ
သူများတွေများ တော်လိုက်တာဗျာ
အားကျပါဘိကွယ်

Thwin said...

အချစ်ရဲ့ လိုအပ်ချက်တွေက တစ်ကယ်ကို မရှိမဖြစ်တွေချည်း ပဲနော်...။ အဲဒီထဲက အလိုအပ်ဆုံး ကတော့..အေးရင်အတူ ပူရင်မမျှညှာတာတဲ့ စိတ်လေးကတော့ တစ်ကယ့်ကို အလိုအပ်ဆုံးလို့ ထင်တယ်နော်...။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :