ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အသင့်သုံး ဘလော့(ဆိုဒ် )လက်ဆောင်လေးများ

Sunday 22 April 2012

ဒီနေ့တော့ ရေးပြီးသား ကဗျာတွေရှိပေမယ့် မတင်ချင် ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ တပတ်လောက်က
စိတ်ကူးလေးတစ်ခုရလို့ ဆိုဒ်လေးတွေဖွင့်ပြီး စာရေးချင်တဲ့သူတွေကို လက်ဆောင်ပေးမယ်လို့ ရည်ရွယ်ပြီးဖွင့်ထားတဲ့
ဆိုဒ်သုံးခုပြီးတာနဲ့ ပေးချင်စိတ်တဖွဖွပေါ်နေတာကြောင့်ကဗျာမတင်တော့ပဲ ဒီပို့စ်လေးနဲ့အတူဆိုဒ်လေးတွေကို လက်ဆောင်ပေးချင်ပါတယ်။တတ်သိလို့မဟုတ်ပါ။ ဆိုဒ်ကို templateပြောင်းချင်ပေမယ့် အချိန်မရတဲ့ သူငယ်ချင်းများနဲ့ စာရေးချင်ပေမယ့် ဆိုဒ်မဖွင့်တတ်တဲ့ စာပေချစ်သူတို့အတွက် အကြမ်းပျင်းလုပ်ထားတဲ့ဆိုဒ်လေးတွေပါ။ဆိုဒ်ဖွင့်တဲ့ အခါမှာ အကောင့်များကို ကျွန်တော်ကိုယ်တိုင်ဖွင့်ထားပေမယ့် တကယ်တမ်း အသုံးပြုမယ့်သူများဟာ အကောင့်နှင့် passwordများကို မိမိတို့စိတ်တိုင်းကျပြောင်းနိုင်ပါသည်။မိမိအကောင့်နှင့်ပြောင်းမည်ဆိုရင်လဲ ကျွန်တော်၏ ဆရာသမားလို့ပြောရမယ့် http://kp3family.blogspot.com/ နည်းပညာထံမှ မေးလ်ပြောင်းနည်းလေးပါရှာပြီးထည့်ထားပေးပါတယ် ပြောင်းနည်းလေးက ဒီမှာပါ http://kp3family.blogspot.com/2009/11/kp3_8830.html   သို့မဟုတ် မိမိလက်ရှိဆိုဒ်ကိုပဲ အသစ်ထဲပြောင်းမယ်ဆိုရင်လဲ http://kp3family.blogspot.com/2009/10/kp3_16.html ဒီမှာဖတ်ပြီးပြောင်းနိုင်ပါတယ်။တကယ်လို့ပေါ့နော် မိမိသူငယ်ချင်းများထဲမှ စာရေးချင်စိတ်ရှိသူများ ဆိုဒ်လိုချင်သည်ဖြစ်ဖြစ် မိမိကိုယ်တိုင် အချိန်မရလို့ ဆိုဒ်အသစ်မဖွင့်နိုင်သေးလို့ လိုချင်သည်ဖြစ်ဖြစ် gmail လိပ်စာနှင့် passwardကို ကျွန်တော်ထံတောင်းယူနိုင်ပါသည်။ကျွန်တော့် gmail ကတော့ lwinpyinhlaingnge@gmail.comပါ။ကဲ ကျွန်တော်ဖွင့်ထားတဲ့ ခပ်ညံ့ညံ့ဆိုဒ်လေးတွေကိုကြည့်လိုက်ကြရအောင်
ဒါလေးကတော့ အမျိုးသမီးတွေ စားသောက်စရာဆိုဒ်လေးတွေနဲ့ သင့်တော်မယ်ထင်တာပါပဲ ပုံစံတူရှိရင်တော့ နားလည်ပေးစေချင်ပါတယ် ပုံစံမတူအောင်တော့ ရှာထားပေမယ့် တူသွားရင် ခွင့်လွတ်ပါ http://lwinpyinnge.blogspot.com/ ဆိုဒ်လိပ်စာနဲ့ ခေါင်းစဉ်တော့ မိမိတို့ စိတ်တိုင်းကြပြောင်းယူကြပေါ့။နောက်တစ်ခုက http://lwinpyin5.blogspot.com/ နောက်ဆုံးတစ်ခုကတော့ http://lwinpyinlay.blogspot.com/ ပါ။ အလုပ်မရှိ အလုပ်ရှာလို့တော့ မထင်စေချင်ပါဘူး စာပေရေးသားစေချင်တဲ့ စေတနာသန့်သန့်နဲ့မို့ နားလည်ပေးစေချင်ပါတယ်။ဒီသုံးခုကုန်သွားလို့ နောက်ထပ်လိုချင်သူများ၇ှိရင်လဲ ထပ်ဖွင့်ပေးပါ့မယ် မိမိတို့ လိုချင်တဲ့ ပုံစံနဲ့ အရောင်းလေးတွေကို ပြောပြနိုင်ပါတယ် တတ်နိုင်သလောက်လုပ်ပေးပါ့မယ်။နည်းပညာမတတ်ပေမယ့် စေတနာအရင်းခံနဲ့မို့ နားလည်ပေးနိုင်ကြပါစေ။

အားလုံးကို လေးစားလျက်

လွင်ပြင်လှိုင်းငယ်

18 comments:

Lps said...

ကိုလွင်ရေ ညီလည်းကူညီလို့ရင် ကူညီပေးပါမယ်နော် ခင်မင်လျှက် (လွမ်း)

Anonymous said...

နားမလည်သေးတဲ့ လူတွေအတွက် အရမ်းကောင်းတဲ့ အစီစဉ်လေးပါပဲ...လက်တို့ လိုက်မယ် လိုချင်သူတွေပေါတယ်..

Snow May said...

အရမ်းကောင်းပါတယ်.. တချို့တွေ ရေးချင်ပေမယ့် မဖွင့်တတ်တဲ့သူတွေ ရှိတတ်ကြတယ်

ချစ်စံအိမ် said...

နာလည်လိုချင်လိုက်တာ:P
မရှိတဲ့သူတွေပဲယူကြပါစေ :D
အရမ်းကောင်းတာပဲ ဒါလည်းကုသိုလ်တမျိုးပဲပေါ့လေ

ရင်ဆူး said...

ကိုလွင်ပြင်ရေ လိုချင်သူများရှိရင် လက်တို့လိုက်ပါ့မယ်...အခုလို တကူးတက လုပ်ပေးတာကျေးဇူးတင်ပါတယ်.....ရေးချင်စိတ်ရှိနေပြီး မလုပ်တတ်တဲ့သူတွေ အဆင်ပြေသွားတာပေါ့....

ရင်ဆူး said...

ကိုလွင်ပြင်ရေ လိုချင်သူများရှိရင် လက်တို့လိုက်ပါ့မယ်...အခုလို တကူးတက လုပ်ပေးတာကျေးဇူးတင်ပါတယ်.....ရေးချင်စိတ်ရှိနေပြီး မလုပ်တတ်တဲ့သူတွေ အဆင်ပြေသွားတာပေါ့....

ဟန်ကြည် said...

အင်မတန်မှ လျော်ကန်သင့်မြတ်တဲ့ အလုပ်ပါပဲ...ဒါဟာလည်းပဲ စာပေနဲ့ အနုပညာအပေါ်မှာ တတပ်တအား ပံ့ပိုးကူညီခြင်း မည်ပါတယ်...ကိုယ်တိုင်လည်း တစ်ခါမှ စိတ်မကူးဖူးတဲ့ စာပေပရဟိတလုပ်ငန်းကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ စလုပ်လိုက်တဲ့ လွင်ပြင်ကို လှိုက်လှိုက်လှဲလှဲ ချီးလည်းချီးကျူး၊ လေးလည်း လေးစားမိပါသဗျား...

ဆိုဒ်ကလေးတွေကို သွားကြည့်တော့လည်း အတော့်ကို စိတ်ရှည်လက်ရှည်လုပ်ထားတာ တွေ့ရတာမို့ ထပ်ဆင့်ပြီး ဂုဏ်ယူမိပါတယ်...

စာပေနဲ့ အနုပညာအတွက် ဆထက်ထမ်းပိုး စိတ်ရောကိုယ်ပါ ကြိုးပမ်းပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

မိုးသူ(တောင်ကြီး) said...

အိုးးးးးး သာဓုပါ ကိုလွင်ပြင်ရေ
ကိုလွင်ပြင်တို့ လူမျိုးတွေ အများကြီးရှိဖို့ လိုအပ်တယ်
ဒါမှ မြန်မာ့ အင်တာနက်လောကကြီး နဲ့ မြန်မာ စာပေ အသိုင်းဝိုင်း ပိုပြီးစည်ပင်လာပါလိမ့်မယ်..အရမ်းကောင်းတဲ့ 
စိတ်ကူးလေးနဲ့ သူတပါးကိုကူညီချင်တဲ့ စိတ်ဓါတ်ကို
ဦးညွှတ်ပါတယ်ဗျ .... ကိုလွင်ပြင် အခုထက်ပိုပြီးတိုးတက်အောင်မြင်ပါစေ.....

ခင်တဲ့ 
မိုးသူ(တောင်ကြီး)

Cameron said...

အလဲ့ ..လွင်ပြင့်လုပ်ငန်းလေးက အောင်မြင်သား...။ အကုန်ကြိုက်တယ် ဆိုဒ်လေးတွေက ချစ်စရာလေးတွေ...။

Latt Latt said...

ကောင်းတဲ့ စိတ်ကူးလေးပါပဲ

ဖြိုးဇာနည် said...

စိတ်ကူးလေးကောင်းတယ် အသစ်တွေအတွက်လဲ
အားဖြည့်ပေးရာရောက်ပါတယ့်

ဖြိုးဇာနည် said...

စိတ်ကူးလေးကောင်းတယ် အသစ်တွေအတွက်လဲ
အားဖြည့်ပေးရာရောက်ပါတယ့်

ထော်ဦး said...

ရည်ရွယ်ချက်ကောင်းပါတယ်..
ကျနော်ဆို ဖွင့်ချင်ပေမယ့် ကွန်နက်ရှင်မကောင်းတော့
ဒီတစ်ခုကိုတောင် ချွေးဖြန်းဖြန်ူကျသွားအောင်
ဘလော့ဆောက်လုပ်ရပါတယ်...
နည်းပညာလည်းမကျွမ်းကျင်တော့ ပိုဆိုးတာပေါ့..
အလိုရှိသော သူများ လာရောက်ယူငင်ကြပါလို့ 
တပ်လှန့် လိုက်ပါကြောင်း...
ထော်ဦး

ထော်ဦး said...

ရည်ရွယ်ချက်ကောင်းပါတယ်..
ကျနော်ဆို ဖွင့်ချင်ပေမယ့် ကွန်နက်ရှင်မကောင်းတော့
ဒီတစ်ခုကိုတောင် ချွေးဖြန်းဖြန်ူကျသွားအောင်
ဘလော့ဆောက်လုပ်ရပါတယ်...
နည်းပညာလည်းမကျွမ်းကျင်တော့ ပိုဆိုးတာပေါ့..
အလိုရှိသော သူများ လာရောက်ယူငင်ကြပါလို့ 
တပ်လှန့် လိုက်ပါကြောင်း...
ထော်ဦး

မိုးသက် said...

အလန်းလေးတွေနော်အစ်ကို..။ မိုက်တယ်.။ အားပေးပါတယ်အစ်ကို....။ ဆက်လုပ်နိုင်ပါစေဗျာ.

အောင်အောင် said...

ကိုလွင်ပြင် စိတ်ကူးလေးကောင်းတယ် လိုချင်တဲ့သူတွေအတွက်တော့ အဆင်ပြေသွားတာပေါ့...အားပေးပါတယ် ပျော်ရွှင်ပါစေ..

Unknown said...

အကိုရေ http://lwinpyinnge.blogspot.com/
ဒီဟာ
လေး ညီလေးတစ်ယောက် အတွက် ယူသွားပြီနော်
သူ့ကိုယ်စား ကျေးဇူး အထူးတင်မီပါကြောင်း..နောက်နောင် လိုအပ်တဲ့သူတွေ ရှီရင် လည်း အကိုစီပဲ အကူညီ လာတောင်းတော့မယ်

း)

လေးစားခင်မင်လျှက်
(ဒုတိယ)

Thwin said...

ကိုလွင်ပြင်ကြီး ရဲ့ စိတ်ဓာတ်ကို အရမ်းကို လေးစားသွားလို့ ပါ..။ တစ်ကယ်ကို ကောင်းတဲ့ စိတ်ကူးလေးမို့ တစ်ကယ်ကို လေးစားမိတယ်...။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :