ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဘီယာသောက်ခြင်းသည်သွေးတိုးရောဂါဖြစ်စေနိုင်လား

Monday 30 April 2012

လထွက်တတ်တဲ့ဒီညမှာ ကောင်းကင်က တိမ်တွေငိုတော့မှာဆိုတော့ လမင်းလဲဘယ်ဆီရောက်မှန်းမသိ ၇ာသီဥတုကလဲ လေပြေတွေပြေးဆော့နေချိန်မို့ချမ်းစိမ့်စိမ့်    နေ့ရက်ကလဲ တနင်္ဂနွေည အလုပ်ပါးသည့်အချိန်ပေါ့ ဘော်ဘော်တွေကလဲ ကောင်းကင်ကိုကြည့်ပြီး မိုးလေးဖွဲဖွဲမှာ ဘီယာသောက်ပြီးအမြည်းကောင်းကောင်းလေးစားလိုက်ရရင်တော့ ဒီညလောက်တန်ဖိုး၇ှိတဲ့ည ဘယ်မှာရှိတော့မှာလဲတဲ့။အသိပေးနေတာလား အဖော်ညှိနေတာလား။
ကိုယ့်ဝမ်းနာကိုယ်တာသိသော ကျွန်တော်ကတော့ မသိချင်ယောင်ဆောင်ပြီး မိုးရွာတော့ကောင်းတာပေါ့ မိုးမရွာတာတပတ်လောက်ရှိပြီဆိုတော့ အရမ်းပူတာ ဒီညတော့ စောစောအိမ်ပြန် စားသောက်ပြီး ကွေးတော့မယ်ကွာလို့ ငြင်းဆန်တဲ့သဘောနဲ့ပြောပေမယ့် ဒါကြောင့်ပြောတာပေါ့ တန်ဖိုးရှိတဲ့ညကို ဘာကြောင့်အိမ်ပြန်မှာလဲ နဲနဲသောက်ပြီးမှပြန်ပေါ့လို့ အဖော်ညှိတာကျော်ပြီး အတင်းခေါ်နေပါပြီ။ဘီယာကို ကျွန်တော်ကြိုက်ပါသည်
ခက်တာက သောက်ရတာက ခဏတာ  စိတ်ညစ်ရတာက တပတ်မို့ မသောက်ချင်ပါ။ဘာကြောင့်စိတ်ညစ်ရသလဲဆိုတော့ မဒမ်လွင်ပြင်က ဘီယာသောက်တာအပြစ်မပြောပေမယ့် သောက်ချင်ရင်အိမ်သို့ ၀ယ်လာပြီး သူ့ရှေ့မှာသောက် တလနှစ်ခါလောက်ခွင့်ပြုသည် အပြင်မှာသောက်တာခွင့်မပြုချင်
ခွင့်မပြုချင်သည့်အကြောင်းက ကျွန်တော်ကမသောက်လျှင်မသောက် သောက်လျှင်လဲနဲနဲနှင့်မရ မူးလာလျှင်လဲ အိမ်မပြန် လျှောက်သွားတတ်သောအကျင့်ရှိလို့ မဒမ်းက စိတ်ပူပြီးခွင့်မပြုချင်းဖြစ်ပါသည်။မူးလာလျှင်သွေးဆိုးသလားတော့ မမေးပါနှင့် လုံးဝသွေးမဆိုးတတ်ပါ မူးပြီးရန်ဖြစ်တာ ပြဿနာရှာတတ်တာ ကျွန်တော့်ရာဇ၀င်မှာမရှိပါဘူး ဆိုးတာကတော့ မူးပြီးရင် ဆိုင်ကယ်တစ်စီးနှင့် ရှိသမျှသူငယ်ချင်းတွေဆီလျှောက်သွားပြီ ရုပ်ပြောင်လွန်းလို့ မဒမ်က ဆိုင်ကယ်နှင့်လမ်းမှာတစ်ခုခုဖြစ်မည်ဆိုသောကြောင့် အပြင်မှာပေးမသောက်ပဲ အိမ်မှာသောက်ခိုင်းပြီးမူးရင်အိပ်ခိုင်းလိုက်တာပါ။သူ့စကားနားမထောင်ပဲ အပြင်မှာသောက်လျှင်မဒမ်ကမနက်မိုးလင်းလျှင် လုပ်စရာရှိတာလုပ်ပေးပြီး စကားမပြောတော့ပါ စိတ်ကောက်တယ်ပေါ့ တခြားကိစ္စနှင့် စိတ်ကောက်လျှင် ခဏလေးနှင့်စိတ်ပြေတတ်ပေမယ့် ဘီယာကိစ္စနှင့်ဆိုလျှင် အနဲဆုံးတပတ်လောက်တော့စိတ်ကောက်တတ်သည်။ဒီမှာပြေးကြည့်မှ လင်းမယားနှစ်ယောက်ထဲရှိတဲ့ဘ၀မှာ သူကစကားမပြောတော့ ကျွန်တော်အရမ်းခံစား၇လွန်းလို့ သောက်ချင်ရင်လဲ အိမ်မှာပဲသောက်ဖြစ်ပါတယ် အပြင်မှာမသောက်တာ ၆လလောက်တောင်ရှိနေပြီမို့ သူငယ်ချင်းတွေကလဲ ကျွန်တော်နှင့်သောက်ချင်နေခြင်းဖြစ်ပါသည်။ ကဲ ဘယ်လိုလုပ်ရမလဲ?တွေဝေပြီးဆုံးဖြတ်လိုက်ပါတယ် သူငယ်ချင်းတွေနဲ့လဲ မသောက်တာကြဆိုတော့ ငြင်းလွန်းရင် ရိုင်းရာကျမည်လို့ တွေးပြီး(ကိုယ်တိုင်လဲသောက်ချင်နေပါလိမ့်မည်)သောက်ဖို့ဆုံးဖြတ်ကာ ဆိုင်တစ်ဆိုင်သို့
သွားသောက်ကြပါသည် စကားပြောရင်သောက်တာ ၂ဗူးလောက်ကုန်တော့ အချိန်ကည၁၂နာရီထိုးပါတော့မည် ၂ဗူးဆိုတော့ နံကြားတောင်မကပ်သေးပဲ
ထပ်သောက်ဖို့ကတော့ အများကျန်သေးတာပေါ့ ဒီအချိန်မှာပဲ ဖုန်းသံမြည်လာပါသည် ဖုန်းကိုအသံနားထောင်ယုံဖြင့် မဒမ်ဆိုတာသိပါသည်(ဖုန်းခေါ်လျှင်သူ့ဖုန်းခေါ်သံက တစ်မျိုးထည့်ထားတာမို့သိတာပါ)ဒါနဲ့ စာပွဲနှင့်ဝေးရာသွားပြီးဖုန်းကိုင်လိုက်တော့ "မောင်""မ ခေါင်းတွေအရမ်းမူးပြီး ထလို့တောင်မရဘူး ဘာဖြစ်မှန်းလဲမသိဘူး မ အရမ်းအကြောက်နေတယ် အိမ်အမြန်ပြန်လာပါ"တဲ့ ဟာ.... ခေါင်းတစ်ခုလုံးထူပူပြီးနှလုံးသားတစ်ခုလုံးဘာမှမရှိတော့သလိုခံစားလိုက်ရတယ် ဒါနဲ့သူငယ်ချင်းတွေရှိတဲ့စားပွဲလာတာတောင် လေထဲမှာလမ်းလျှောက်သလိုခံစားရပြီး အကျိုးအကြောင်းတောင်ပြောပြချိန်မရတော့ပဲ အရေးကြီးလို့ ငါပြန်တော့မယ်ဆိုပြီး လမ်းက တက္ကစီတစ်စီးကို အဆင်သင့်ငှားပြီး အိမ်သို့ချက်ချင်းပြန်လာပြီး တက္ကစီကို အောက်မှာစောင့်ခိုင်းရင်းအပေါ်သို့အပြေးအလွှားတက်လာခဲ့သည်(မှတ်ချက်။    ။ကျွန်တော်ဘီယာသောက်သောဆိုင်နှင့် အိမ်သည်မဝေးပါ သို့သော် ဆေးခန်းသွားလျှင်ဆိုင်ကယ်နှင့်အဆင်မပြေသောကြောင့် လိုလိုမယ်မယ်ခေါ်လာချင်းဖြစ်ပါသည်)အခန်းထဲရောက်တော့ မဒမ်အိပ်ယာထဲကနေဝေဒနာတော်တော်ခံစားထားရသောမျက်ဝန်းလေးနှင့်ကျွန်တော့်ကိုကြည့်နေရှာသည်။
ဒါနဲ့ကျွန်တော်လဲသူ့ကို အ၀တ်အစားလဲခိုင်းပြီးသူ့ကိုတွဲကာအိမ်အောက်ဆင်းပြီး အသင့်စောင့်နေတဲ့ တက္ကစီကို နီးရာဆေးခန်းမောင်းခိုင်းလိုက်သည်။ဆေးခန်းရောက်တော့ ညပိုင်းဖြစ်နေပြီမို့ သိပ့်မစောင့်လိုက်ရပဲ ဆရာဝန်နှင့်တွေ့ပါသည်။ကျွန်တော်လဲသူ့ဘေးကပ်ခိုင်ကာသူ့လက်လေးကို ဆုတ်ကိုင်ရင်း စိတ်မပူနဲ့နော် ဆရာဝန်းနဲ့တွေ့နေပြီးပဲလို့ အားပေးဆရာပြောတော့ ဆရာဝန်က ဘယ်သူ ဘီယာသောက်ထားတာလဲလို့ မလေးလိုမဟုတ်ပဲ မြန်မာလို ပီပီသသပြောပါသည်ဒီတော့မှဘီယာသောက်ထားတာ သတိယမိသည် ဖြစ်ချင်တော့ ဒီနေ့ဆေးခန်းထိုင်တာက မြန်မာဆရာဝန်ဖြစ်နေတာကို
ဘီယာသောက်ထားရင် အပြင်ကပဲစောင့်နေ လူနာဘီယာအနံ့ရမှာစိုးလို့ပြောတော့ ကျွန်တော်လဲ သူ့ကို တစ်ချက်ကြည့်ပြီး အပြင်မှာပဲ စိတ်ပူပြီးထိုင်စောင့်နေလိုက်မိသည်။မိနစ်၂၀လောက်ကြာတော့ သူထွက်လာသည် ကောင်တာမှာ ဆေးယူ ပိုက်ဆံရှင်းပြီး တက္ကစီပေါ်တက်သည်အထိသူဘာတစ်ခွန်းမှ မပြောပေ ဘာဖြစ်တာလဲ မေးတော့ သွေးတိုးလို့ တစ်ခွန်းပဲဖြေသည် ထိုနောက်ဘာမေးမေးမဖြေတော့ပေ
အိမ်ရောက်တော့ သူ့ကို အိပ်ယာထဲပို့ပေးပြီး လက်လေးကိုင်ကာ အားပေးစကားပြောနေပေမယ့် သူစကားပြန်မပြောပဲ မျက်ဝန်းမှ မျက်ရည်တွေသာစီးကျနေတော့သည်။ဒါလိုဖြစ်တာကျွန်တော့် အပြစ်လား သူမကြိုက်တာကို လုပ်မိလို့ သူစိတ်ဆင်းရဲပြီးသွေးတက်တာလား (အရင်ကသူ့မှာ သွေးတိုးမရှိပါ စိတ်ဆင်းရဲရင်လဲ သွေးတိုးဖြစ်တတ်တာပါပဲလေ ငါ့ကြောင့်သူသွေးတိုးဖြစ်တာနေမှာပေါ့)ဆိုတဲ့ အတွေးတွေနဲ့ ထိုညက ဘယ်သူများငါဘီယာသောက်တာပြောလိုက်ပါလိမ့်ဆိုတဲ့ အတွေးပေါင်းများစွာနဲ့ ဘီယာ၂ဗူးအတွက်နောင်တ ရရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။
မနက်၈ရီလောက်ကျတော့ တံခါးဖွင့်သံကြားတော့ အိပ်ချင်မူးတူနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမဖြစ်နေသည် ဒါနဲ့ ဘယ်သွားတာလဲ မေးတော့ တစ်ခွန်းပဲပြန်ဖြေသည် အမှိုက်သွားပစ်တာတဲ့ အမှိုက်များကွာ မောင် အလုပ်သွားတော့ ပစ်လိုက်မှာပေါ့ နေကောင်းတာလဲမဟုတ်ဘူး နားနားနေနေနေမှပေါ့ဆိုလိုတော့လဲ ဘာမှပြန်မဖြေတော့ ထိုနေ့ကလဲ စကားဆိုလို့ အမှိုက်သွားပစ်တာ တစ်ခွန်းပဲပြောသည်။ဒီလိုနဲ့ တော်တော်ကြာသူမ ကျွန်တော့်ကို စကားမပြောပေ အင်တာနက်ထိုင်တာလဲမတွေ့ စာလဲမရေး သူ့ကို ဆေးတိုင်လျှင်တော့ သောက်သည် ထမင်းခွံကျွေးလဲစားသည် တစ်ခုပဲ စကားလုံးဝမပြောပေ။ဒီတခါတော့ တစ်ပတ်မဟုတ် ၁၀ရက်လောက်ကြာတာတောင် စကားမပြောပေ စာတွေဘာတွေရေး အိမ်အလုပ်တွေဘာတွေတော့ ပုံမှန်အတိုင်းပြန်လုပ်နေတော့ စိတ်တော့ တော်တော်အေးသွားရသည် ဆေးခန်းသွားမယ်တော့လဲ မလိုတော့ဘူးဆိုတော့ ထပ်မသွားဖြစ်တော့ပေ။ကျွန်တော်လဲ သူ့ကိုကြည့်ပြီး ဘီယာဆိုကြည့်တောင်မကြည့်ချင်အောင် စိတ်နာသွားသည် အဖြစ်အပျက်ကိုသိသောသူငယ်ချင်းများလဲ ဘီယာသောက်ဖို့ မဲမဆွယ်ရဲတော့ပေ။ဒီနေ့တော့ သူလဲ အိမ်ထဲမှာနေတာပျင်းနေတော့မှာပဲလို့တွေးပြီး ချော့မော့ခေါ်ကာ အပြင်လမ်းလျှောက်ထွက်လာမိသည် သူ့လက်လေးကို ကိုင်ပြီး လမ်းလျှောက်နေတုန်း လမ်းမှာ သူ့သူငယ်ချင်းက ကျွန်တော်တို့ကိုတွေ့တော့ ၀မ်းသာအားရပြေးလာပြီး "မတွေ့တာတောင်ကြာနေပြီ နေကောကောင်းရဲ့လား "ဆိုတော့ မဒမ်ကရီရီပြုံးပြုံးပဲ"ကောင်းပါတယ်ဟာ"ဆိုပြီးဆက်ပြောမည်လုပ်တုန်း သူ့သူငယ်ချင်းက"ကောင်းရင်လဲ ပြီးတာပါပဲဟာ ငါကမတွေ့တော့စိတ်ပူလို့ပါ ဟဲ့ စကားမစပ် နင်အရင်တနင်္ဂနွေက ငါ့ကိုနင့်အိမ်မှာ ကျွေးလိုက်တဲ့ ငပိရည်နဲ့ တို့စရားကတော့ အရမ်းကောင်းတယ်ဟာ နင်ငပိရည်ဖျော်နည်းလေးငါ့ကို ပြောပြအုံးဟာ ပြီးတော့ အိုက်နေ့က စားတဲ့ငါးသလောက်ပေါင်းကလဲ အရမ်းကောင်းတာပဲ ပေါင်းနည်းလေးလဲပြောပြဦး ငါအဲ့ဒါမေးမလို့ နောက်ရက်နင့်အိမ်လာသေးတယ် ငပိရည်လေးများကျန်သေးလားလို့ အရှက်မရှိလာတောင်းရင်းပေါ့ နင့်အိမ်ရောက်တော့တံခါးပိတ်ထားတာတွေ့တယ် အော် ခေါ်တာမရလို့ ဖုန်းခေါ်တော့လဲ နင်ကမကိုင်တော့ဆက်မခေါ်တော့တာ"ဆိုပြီးသူပြောချင်ရာပြောပြီး ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောကာ ငပိရည်ဖျော်နည်းလာယူမည့်ဟုပြောကာထွက်သွားပါတော့သည်။သူ့သူငယ်ချင်းထွက်သွားမှ ကျွန်တော်လဲ တစ်ခုခုကို သတိယသူ့ကိုကြည့်လိုက်တော့ ပြုံးစိစိနှင့် ။တနင်္ဂနွေနေ့ ငပိရည် ငါးသလောက်ပေါင်း တနင်္ဂနွေည ဘီယာသောက် သူမ သွေးတိုးစဉ်းစားကြည့်တော့ ဟာ
ဟုတ်ပြီ သူမ ကျွန်တော်တားမြစ်ထားသော အစားအစာ ငပိရည်အပြင် ငါးသလောက်ပေါင်းကိုဘယ်လောက်တောင်ခိုးစားလိုက်လဲမသိဘူးဒါကြောင့် ညဘက်သွေးတိုးတာဖြစ်မယ်လို့ စဉ်းစားမိပြီး စိတ်တိုသွားကာ"မင်းသွေးတိုးတာ ငပိရည်စားလို့လား"လို့မေးလိုက်တော့ ကလေးတစ်ယောက်လို မရဲတရဲနဲ့"ဟုတ် စားလဲစားချင် စားရင်လဲဆူမှာစိုးလို့ သူငယ်ချင်းကို ငပိရည်ယူလာခိုင်းပြီး အိမ်မှာငပိရည်ဖျော် မျှစ်နဲ့တို့စရာဆိုင်မှာသွားဝယ်ပြီး တီးလိုက်တာ...ဟိ"လို့ပြောရှာသည်
"ဒါနဲ့မင်းဟာမင်း ငပိရည်နဲ့မျှစ်  ပြီးတော့ ငါးသလောက်ပေါင်းပါစားပြီး ဖြစ်တဲ့ဟာကို ငါ့ကိုဘာလို့စကားမပြောတာလဲ"'ဒါကဒီလို ' မ' ကငပိရည်စားပြီးသွေးတိုးတာ မောင်ကသိပြီး ဆူမှာစိုးလို့ ကြောက်ပြီးစကားမပြောတာက ၅ရက် မောင်ဘီယာသောက်လို့ကောက်ပြီးမပြောတာက ၅ရက်ပေါင်း၁၀ရက်ဖြစ်သွားတာ""အော် ဒီလိုကို ဒါနဲ့ ငပိရည်တွေကျန်သေးလား မတည့်လို့မစားပါနဲ့မှာထားတဲ့ဟာကို""မရှိတော့ပါဘူး အိုက်နေ့မနက်ကတည်းက ပစ်လိုက်တယ်လေ "အော် ထိုနေ့ မနက်စောစောသူအောက်ဆင်းပြီး အမှိုက်ပစ်တာ ဒါကြောင့်ကို ကျွန်တော်ကတော့ နေမကောင်းပဲ အမှိုက်သွားပစ်တယ်ဆိုပြီးသနားလိုက်ရတာ ဒင်းတော့လားလို့စိတ်ထဲမှာ ကြိမ်းဝါးလိုက်သည်။
ကဲ မဒမ်သွေးတိုးတာ ကျွန်တော့်အပြစ်လို့ ခံစားရင် ဘီယာကိုအမုန်းကြီးမုန်းနေတဲ့ကျွန်တော် ဘီယာကြောင့်မဟုတ်မှန်းလဲသိရော မျက်လုံးထဲမှာ ရေခဲထဲမှာစိမ်ထားတဲ့ ရေခဲစိမ်ဘီယာလေးကိုမြင်ယောင်နေတုန်း သူမက "မောင် ဆရာဝန်ကအိုက်နေ့က မှာလိုက်တယ်သိလား သွေးတိုးဆိုတာ အစားရှောင်ပေမယ့်လဲ စိတ်ဆင်းရဲရင်လဲ ပြန်တိုးတတ်တယ်တဲ့ ဒီတော့ မ ကအစားရှောင်မယ် မောင်က မ စိတ်ဆင်းရဲစေမယ့် အလုပ်တွေကိုရှောင်နော် ဥပမာ ဟိုနေ့ညကလို ဘီယာခိုးသောက်တဲ့ အဖြစ်မျိုးပေါ့"ကျွန်တော့်ကို ချွဲသလိုနဲ့ အပြင်မှာဘီယာမသောက်ရဆိုတဲ့ အမိန့်ပါထုတ်လိုက်လေသည်။
ဒါကြောင့် ဘီယာဟာ သွေးတိုးရောဂါဖြစ်စေလားလို့ အိမ်အပြန်လမ်းမှာ တွေးနေရင် မျက်ဝန်းထဲက ရေခဲစိမ်ဘီယာတွေဟာ တဖြေးဖြေးနဲ့ သူမခံစားနေရသော သွေးတက်နေချိန်က ခံစားချက် ဝေဒနာမျက်နှာလေးနှင့် ဖုံးလွမ်းပျောက်ကွယ်သွားပါတော့သည်။
လွင်ပြင်လှိုင်းငယ်

11 comments:

အလွမ်းမြို့ said...

လွင်ပြင်ရေ...တော်သေးတာပေါ့ စာတွေသေချာဖတ်လိုက်လို့။ခေါင်းစဉ်လေးမြင်တော့ အလွမ်းက အကြံထုတ်နေတာ. အင် အိမ်ကအိမ်ဦးနတ်ကို ဘီယာက သွေးတိုးနဲ့ သက်ဆိုင်တယ်လို့ ပိုစ့်လေးဖတ်ပြီးပြောမယ်ကြံနေထှာ။ ခုလိုဖတ်ပြီး ပြောမယ်ကြံတာလေး အိမ်ဦးနတ်ကို ရယ်မောပြောပြတော့ သူကလည်းခေသူမဟုတ်။ ဘီယာက တကယ်သွေးတိုးနဲ့သက်ဆိုင်နေတယ်ဆိုရင် တောင်သူက ဘီယာသောက်တော့ဘူး..အရက်ပြောင်းသောက်ပေးပါမယ်တဲ့......တိန်
လွင်ပြင်ရေမဒမ်ပါ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ


ခင်မင်တဲ့
အလွမ်းမြို့

ရင်ဆူး said...

ကိုလွင်ပြင်ရေ ကျွန်တော်လည်းဘီယာကြိုက်တယ်ဗျ....ကျွန်တော်လည်းတွေးသေးတယ် ...ဘယ်နှယ့် ဘီယာသောက်ခြင်းသည် သွေးတိုးစေသလားဆိုတော့ တစ်ခုခုဘဲလို့တွေးတော့တွေးမိသား....ဖြစ်လည်းဖြစ်ရမာယ်...ဘာတဲ့ ငပိရည်နဲ့ ငါးသလောက်ပေါင်းစားမိလို့ ကြောက်ပြီး မပြောတာ ၅ ရက် ၊ ဘီယာသောက်လို့ မပြောတာ ၅ ရက် စုစုပေါင်းဆယ်ရက် ဖြစ်ရမယ်....မကြီးဂျက်တို့ကတော့...ဟာဟား ...အစ်ကိုတို့နှစ်ယောက်လုံး အစစအရာရာ အဆင်ပြေပါစေ....

ခင်တဲ့
ရင်ဆူး

Anonymous said...

သားတို့ ကတော့ အပြင်မှာတောက်တယ် ဘာချစ်ရဲကွ ဘုမှဂုမစိုက်ဝူး..ဟားဟားဟား..တိန်

ချစ်စံအိမ် said...

ဟီး ပိုစ့်လေးဖတ်ပြီပြုံးမိပါတယ်
ဘီယာကြားတာနဲ့ပြဿနာဖြစ်ချင်လာပြီး :P

စံပယ်ချို said...

ဘူလဲကွ ပြင်မှာတောက်တာ လာခဲ့လေ တွေ့ဒွါးမယ်
ဘာမှတ်နေလဲ နီထက်လယ်လို့နီ ယောက်ခမလုပ်နေတာပေါ့

Cameron said...

ဟ ဟ“ကိုယ်တိုင်လဲ သောက်ချင်နေပါလိမ်မည်”တဲ့ ...အဲလို မတင်မကျရေးပါနဲ့...တကယ်ဆို “ကိုယ်တိုင်လဲသောက်ချင်နေပါသည်”...။
မမနဲ့မီးနဲနဲရှို့လိုက်တယ်...။ ရန်ဖစ်တိုင်း မဂဂျားရ၀ူးနော်...အူးအူး...း))

Unknown said...

အဟား.... ဘူတုန်းကွ နော့် မမစကား နားမထောင်တာ...ဟိ
မမရေ... အမိန့်က နည်းသေးတယ်...နောက်ထပ် များများသာထုတ် သိလား.. ခိ
နာ့အကိုတို့များ မမအလှည့်ထဲ ကွိခနဲပဲ..:D

ဖြိုးဇာနည် said...

ဟိုက်ရှားလဘားးးးးးး

မှတ်ပလား အသင်ယောက်ကျားတို့

သူတို့က အမြဲတမ်းပညာသာပါတယ်ဆိုမှ အခုသိကြပြီဟုတ်

ဧဒင်အချစ်ပုံပြင် said...

အများတွေပြောတာတော့အရက်နေ့တိုင်းသောက်ရင်အရက်စွဲမယ်တဲ့ကျွှန်တော်နေ့တိုင်းသောက်တာဘယ်မှာစွဲလို့လဲဟိဟိ...

မဒမ်ကိုး said...

ဟဟဟ မမစံပယ် လူလည်ကျတယ်း))

ထော်ဦး said...

ကိုလွင်ပြင်ရေ...
လာတယ်ဗျို့ 
ထော်ဦး

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :